ပရိသတ်ကြီးရေ အမိုက်စားခန္ဓာကိုယ်လေးနဲ့ ပုရိသတွေရဲ့ အသည်းစွဲ မော်ဒယ်လ်သရုပ်ဆောင် M Seng Lu ကိုသိကြမယ်ထင်ပါတယ်။ သူမဟာဆိုရင် model လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသူလေးဖြစ်တဲ့ M Seng Lu ဟာဆိုရင် နာမည်ကြီးထိပ်တန်း မော်ဒယ်လေးတစ်ဦး အဖြစ် မြင်သူတိုင်းငေးကြည့်လောက်ရအောင် တစ်ကိုယ်လုံး အပြစ်ပြောစရာမရှိချောမောလှပသူလေး ဖြစ်ပြီး အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်တွေကပါ လက်ခံအားပေးလျက်ရှိတာပဲဖြစ်ပါတယ်။ 

သူမဟာဆိုရင် အမျိုးသမီးတိုင်း အားကျရတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဂျပန်လိုစတဲ့ နိုင်ငံတွေမှာ ကျင်းပပြုလုပ်တဲ့ ရှိုးပွဲကြီး တွေမှာလည်းပါဝင်ဖျော်ဖြေခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ အခုလတ်တလောမှာ ဆိုရင် photo shooting၊ ကြော်ငြာ တွေကိုလက်ခံရိုက်ကူးနေတာဖြစ်ပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာ တွေ့ရပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း စမတ်ကျလှပတဲ့ အပေါ်အောက် အဖြူနဲ့ ပန်းရောင်လေးကိုဝတ်ဆင်ထားတာဖြစ်ပြီး ကိတ်မုန့်စားဟန်လေးက ပရိသတ်တို့ရဲ့ ရင်ထဲအသည်းထဲကို ဆွဲဆောင်ညှို့ယူနေမှာပဲဖြစ်ပါတယ်။

ကြည်လင်လှပတဲ့ အသားအရေလေးကိုပိုင်ဆိုင်ထားတဲ့ သူမဟာဆိုရင် လိုက်ဖက်တဲ့ဝတ်စုံလေးတွေကိုရွေးချယ်ပြီး ဝတ်ဆင်တက်တဲ့အတွက်ကြောင့် သမင်လည်ပြန်ကြည့်ရလောက်အောင် ဆွဲဆောင်မှုအပြည့်ရှိနေတာပဲဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင်တစ်နေ့တာလှုပ်ရှား၊ အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ သူမရဲ့ facebook စာမျက်နှာပေါ်တွင် တလေးတလေးစားနဲ့ ဖော်ပြပေးနေတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း မော်ဒယ်လ်သရုပ်ဆောင် ထူးအောင်ရိုက်ပေးထားတဲ့ ညနေဆည်းဆာနဲ့အပြိုင် လှပနေတဲ့ သူမရဲ့ အလှပုံရိပ်တွေကို Myanmarload ပရိသတ်ကြီးအတွက်ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။

source M Seng Lu 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။