မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့အောင်သူကတော့ထိုင်းပရီးမီးယားလိဒ်ကလပ် မြောင်တောင်ယူနိုက်တက်အသင်းမှာပါဝင်ကစားနေပြီးဖြစ်ပါတယ်။အောင်သူကတော့ထိုင်းပရီးမီးယားလိဒ်နဲ့မစိမ်းတဲ့သူဖြစ်ပြီး ပရိသတ်တွေလည်းအခိုင်အမာရထားတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ခြေစွမ်းတွေကြောင့်ထိုင်းထိပ်သီးကလပ်တွေက အပြိုင်ခေါ်ယူခဲ့ပြီးနောက်ဆုံးမှာမြောင်တောင်ယူနိုက်တက်အသင်းကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

အောင်သူကတော့ပြိုင်ပွဲမစခင်ထဲကလေ့ကျင့်ခန်းတွေလုပ်ရင်းTrainingMatchပွဲမှာဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပရိသတ်တွေနည်းပြတွေရဲ့ ချီးကျူးခြင်းကိုခံခဲ့ရတာပါ။မနေ့ကတော့အောင်သူရဲ့ပထမဆုံးပွဲစဉ်ကိုယှဉ်ပြိုင်ခဲ့ပါတယ်။ရာသီသစ်မစခင်ကျင်းပတဲ့ဖိတ်ခေါ်ဖလားပြိုင်ပွဲ ဖြစ်ပြီးမြန်မာအသင်းရဲ့တိုက်စစ်မှူးသန်းထက်အောင်ကစားနေတဲ့ အသင်းနဲ့ကစားခဲ့ရတာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာတော့အောင်သူကစားနေတဲ့မြောင်တောင်အသင်းက(ဝ-၁)နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲစဉ်မှာအောင်သူဟာဂိုးမသွင်းနိုင်ခဲ့ပေမယ့်သူ့ရဲ့ခြေစွမ်းတွေကပရိသတ်တွေတောင်ချီးကျူးခဲ့ရတာပါ။အသင်းရဲ့နည်းပြကလည်းအောင်သူ့ကိုချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ပွဲစဉ်အပြီးမှာတော့အဆိုပါပွဲစဉ်ကိုလာရောက်အားပေးတဲ့ မြန်မာပရိသတ်တွေကိုလည်းသွားရောက်နှုတ်ဆက်ခဲ့ပြီး သန်းထက်အောင်နှင့်လည်းဂျာစီလဲလှယ်ခဲ့ကြပါတယ်။

SOURCE:SCG Muangthong Myanmar Fan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။