မနေ့က 16.1.2019 မှ ကျရောက်တဲ့ အသက်သုံးဆယ်ပြည့်မွေးနေ့ပွဲလေးကို ရန်ကုန်မြို့ Golden City Business Center မှာ ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ 2013 ခုနှစ်မှာ Korea မှာကျင်းပတဲ့ Asia New Star Model Winner ဆုရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြီး အမိုက်စား Body နဲ့ ရှည်လျာတဲ့အရပ်ကြောင့် အမျိုးသမီးထုကြီးရဲ့ အပြည့်အဝဝန်းရံခံနေရတဲ့ Model သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ မိုးစက်ဝိုင်ဦးဆောင်တဲ့ Myanmar's Heart (မြန်မာ့နှလုံးသား) ပရဟိတအဖွဲ့မှာလည်း ပါဝင်လုပ်အားပေးသူတစ်ယောက်လည်းဖြစ်ပါတယ်။

ထွန်းကိုကိုရဲ့မွေးနေ့ပွဲလေးမှာ ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်ခဲ့ပြီး မိုးစက်ဝိုင်နဲ့ ခါရာတို့ကလည်း တက်ရောက်ခဲ့ကြပါတယ်။ နောက်ထပ်အနုပညာ မောင်နှမတွေလည်းတက်ရောက်ခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခဲ့ကြတာပဲဖြစ်ပါတယ်။ ထွန်းကိုကို၊ခါရာနဲ့ မိုးစက်ဝိုင်တို့သုံးယောက်သားက ပုံမှန်ဆိုသိပ်မဆုံဖြစ်ပဲ ပရဟိတလုပ်မှသာဆုံဖြတ်တယ်လို့ဆိုပါတယ်။ အသက်သုံးဆယ်ပြည့်သွားပြီဖြစ်ပြီး လုံးဝကို Gentleman Style အပြည့်နဲ့ ကြည့်ကောင်းလွန်းနေတဲ့ ထွန်းကိုကိုတစ်ယောက် မွေးနေ့ပွဲကပုံရိပ်လေးတွေမှာလည်း သန့်ပြန့်ပြီး တကယ့်ကိုကြွေချင်စရာကောင်းလွန်းနေသူ တစ်ယောက်ပါပဲ။

ထွန်းကိုကိုရဲ့မွေးနေ့ပွဲလေးကို တက်ခဲ့တဲ့မိုးစက်ဝိုင်တစ်ယောက် မွေးနေ့အမှတ်တရပုံရိပ်လေးတွေကို " Happy birthday ပါ ကိုထွန်းကို စိတ်သဘောကောင်းပြီးအေးချမ်းတဲ့ ကိုထွန်းကိုမွေးနေ့မှာ ခါခါနဲ့ ၃ ယောက် ပြန်ဆုံတုန်း ပျော်ထားတဲ့ ပုံ အကုန်တင် လိုက်ပြီနော် ဒီ၃ယောက် ပရဟိတလုပ်တဲ့ ချိန်ပဲ ဆုံတာ ခုတော့ ပါတီ time ပေါ့. " ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ကြည့်လိုက်တာနဲ့ကို အပျော်တွေကူးစက်သွားစေမယ့် Snap ပုံရိပ်လေးတွေက တကယ်ကိုကြည်နူးစရာပဲမို့ ပရိသတ်ကြီးကို ပြန်လည်တင်ဆက်ပေးလိုက်တယ်နော်။

Photo - Moeset Wine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။