ပရိသတ်တွေရဲ့ သရုပ်ဆောင်အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ အပြည့်အ၀ ရရှိထားတဲ့ မင်းသားမင်းသမီးတွေဖြစ်တဲ့ သရုပ်ဆောင် ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာ ပေါင်းသင်းကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပြီး တပူးပူးတတွဲတွဲ သွားလာနေတာ ပရိသတ်ကြီးသိမှာပါနော်..။

သူတို့ BFF သူငယ်ချင်းသုံးယောက်ကတော့ ဆုံလိုက်တိုင်းလည်း အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် နောက်ပြောင်ရင်း ပျော်နေတတ်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲ ဖြစ်ပါတယ်.. ။

ဟန်ဆောင်မှုမရှိပဲ တစ်ယောက်နဲ့တစ်ယောက် စနောက်ပျော်ရွှင်နေကြတဲ့ သူတို့သူငယ်ချင်းသုံးယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကလည်း မြင်တွေ့သူပရိသတ်တွေကိုလည်း အပျော်လေးတွေ ကူးစက်စေကြသူတွေဆိုလည်း မမှားပါဘူး..။

တစ်ယောက်တစ်ယောက်နဲ့တစ်ယောက် မကြာခဏစနောက်တက်ကြတဲ့ သူတို့သူငယ်ချင်းသုံးယောက်ကတော့ လတ်တလောမှာလည်း သုံးယောက်အတူပေါင်းပြီး ကကွက်ဆန်းလေးတွေနဲ့ အမိုက်စားဒွန့်ပြထားတဲ့ Tik Tok အခွီဗီဒီယိုလေးတွေကိုလည်း မျှဝေလိုက်ပါသေးတယ်..

အားကျစရာ သူငယ်ချင်း ဆက်ဆံရေးလေးတွေကို ပိုင်ဆိုင်ထားကြတဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းသုံးယောက်ကတော့ အခွီလေးတွေနဲ့ ရယ်မောပျော်ရွှင်စေအောင် အမြဲလုပ်တတ်ကြသူတွေမို့ ပရိသတ်တွေရဲ့ အသက်ရှည်ဆေးလေးတွေဆိုလည်း မမှားပါဘူးနော်..။

သူတို့သူငယ်ချင်းသုံးယောက်ရဲ့ ရုပ်ပြောင်ဓာတ်ပုံလေးတွေနဲ့ အမိုက်စားဒွန့်ပြထားတဲ့Tik Tok ဗီဒီယိုလေးကိုလည်း Myanmarload မှ ဗရမ်းဗတာ BFF သုံးယောက်ရဲ့ ချစ်ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်တာမို့ အားပေးကြည့်ရှု့ပေးပါဦးနော်..။

Photo – ဗရမ်းဗတာ BFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။