မနှစ်က အကယ်ဒမီလွဲချော်ခဲ့တဲ့ခင်လှိုင်တစ်ယောက် ယခုနှစ်မှာတော့ ထူးထူးခြားခြားဖက်ရှင်နဲ့ ပွဲတက်မှာဖြစ်တယ်လို့သိရပါတယ်။

ခင်လှိုင်ဟာ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ် ၊ ထွန်းထွန်း ၊ နေဒွေး တို့နဲ့အတူ အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားတာပါ။

ဒါပေမယ့် ယခုည အကယ်ဒမီပွဲမှာတော့ ဒီဇာတ်ကားဟာ ဇကာတင်ထဲပါ ၊ မပါ ဆိုတာကို သိရတော့မှာပါ။ ပရိသတ်အများစုကတော့ ခင်လှိုင် အပါအဝင် မြင့်မြတ် ၊ ထွန်းထွန်း တို့ကို ရစေချင်နေကြပါတယ်။

မကြာမီညနေပိုင်းမှာ ပြည်သူရင်ပြည်မှာ ကျင်းပမယ့် အကယ်ဒမီပွဲကြီးကို ခင်လှိုင်တို့ ဇနီးမောင်နှံ တက်ရောက်မယ့် ဖက်ရှင် နဲ့ အပြင်အဆင်ပိုင်းကတော့ သူများတွေထက် ထူးခြားလန်ထွက်နေပါတယ်။

သူတို့ရဲ့ အကယ်ဒမီပွဲတက်ဝတ်စုံ ကို အစအဆုံး တာဝန်ယူပေးတဲ့ စိန်ဝေဖူး ပိုးထည်တိုက်ကို ကျေးဇူးတင်တဲ့အကြောင်းလည်း ဖေ့ဘုတ်စ်မှာ ရေးသားထားပါတယ်။

ခင်လှိုင် တို့ ဇနီးမောင်နှံ မလန်းဘူးလား ပရိသတ်ကြီးရေ။  

သတင်းအရင်းမြစ် Khin Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။