မြန်မာ့ရိုးရာယဉ်ကျေးမှုတွေထဲမှာ ကမ္ဘာကိုထိုးဖောက်နိုင်ဖို့ အဓိကရေပန်းစားလျှက်ရှိတဲ့ မြန်မာ့ရိုးရာခြင်းပညာကိုတော့ အာရှနိုင်ငံများသာမက ပြည်ပနိုင်ငံများကပါ စိတ်ဝင်တစားသင်ယူမှုတွေပြုလုပ်ခဲ့ကြပြီပဲဖြစ်ပါတယ်။ မြန်မာ့ခြင်းပညာရှင်များစွာကို ခေါ်ယူသင်ကြားခြင်းတွေအပါ လူအသုံးများ လူမှုစာမျက်နှာတွေပေါ်ကလည်း သင်ကြားမှုတွေပြုလုပ်ခဲ့သူတွေလည်း ရှိပါတယ်။  

အဆိုပါ မြန်မာ့ယဉ်ကျေးမှုရိုးရာခြင်းပညာတွေကို ပြည်တွင်းဒေသများစွာမှာ ဖျော်ဖြေလေ့ရှိကြပြီး မြန်မာ့ရိုးရာအမွေတွေကို ဆက်လက်ထိန်းသိမ်းထားကြတာပဲဖြစ်ပါတယ်။ ဘုရားပွဲ အလှူနဲ့ လမ်းမများပေါ်မှာ အပျော်တမ်းကစားခြင်းတွေကတော့ မြန်မာပြည်ရောက်နိုင်ငံခြားသားများအတွက် အလှပဆုံးပြကွက်တွေဖြစ်ပြီး မတူညီတဲ့ ခြင်းကွက်တွေနဲ့အတူ အကောင်းဆုံးဖျော်ဖြေလေ့ရှိတာလည်း တွေ့ရပါတယ်။  

ကျောက်ဆည်မြို့ဝေဘူချောင်ရတနာသုံးပါးပူဇော်ပွဲမှ ခြင်းအလှခတ်ညီမငယ်များရဲ့ ချစ်စရာမြန်မာ့ရိုးရာခြင်းပညာကတော့ လက်ရှိကြည့်ရှု့သူများစွာရှိနေပြီး ပရိသတ်တွေကြားမှာ ရေပန်းစားဗီဒီယိုတစ်ခုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးထဲမှာ မြန်မာ့ရိုးရာခြင်းခတ်နည်းတွေကို အကောင်းဆုံးသရုပ်ပြဖျော်ဖြေခဲ့တာဖြစ်ပြီး လာရောက်ကြည့်ရှု့သူတိုင်းကိုလည်း စိတ်ကြည်နူးစေခဲ့တာပဲဖြစ်ပါတယ်။ မြန်မာ့ရိုးရာချစ်ပရိသတ်တွေအတွက် မြန်မာ့ခြင်းပညာအလှခတ်ဗီဒီယိုဖိုင်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

VIDE0 - MYINT AUNG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။