ချစ်စရာ ဘာဘီအရုပ်မလေးလို အရမ်းကို ချစ်ဖို့ကောင်းတဲ့ မော်ဒယ်မလေးတစ်ဦးဖြစ်တဲ့ အိမ့်ထရေရှာကတော့ လက်ရှိမှာ အောင်မြင်တဲ့ မော်ဒယ်မလေးတစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့ သူတစ်ဦးဖြစ်ပါတယ်။ အတိတ်ကမှားခဲ့တဲ့ အမှားတစ်ခုကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပေမယ့် သူမဘက်ကနေ ရပ်တည်ပြီး ယနေ့ချိန်ထိအားပေးခဲ့တဲ့ အခိုင်အမာပရိသတ်တွေလည်းရှိနေဆဲဖြစ်ပါတယ်။

ဝေဖန်မှုတွေကို အလူးအလဲ ခံခဲ့ရပြီးနောက် လူမှုကွန်ရက်စာမျက်နှာထက်မှာပျောက်သွားခဲ့တဲ့ အိမ့်ထရေသျှာက ယခုဆိုရင် သူမချစ်တဲ့ အနုပညာအလုပ်တွေကို စိတ်နစ်ပြီးလုပ်ကိုင်လျက်ရှိတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဘက်ကနေရပ်တည်ပေးတဲ့ ပရိသတ်တွေပိုမိုများပြားလာခဲ့တာကြောင့် အိမ့်ထရေသျှာတစ်ယောက် ပရိသတ်တွေပေးတဲ့ အချစ်တွေနဲ့ ဆက်လက် အသက်ရှင်နေတာဖြစ်ပါတယ်။

ယခုလတ်တလောမှာ အိမ့်ထရေသျှာ က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ သူမရဲ့ ချစ်စရာကောင်းတဲ့ ခရီးသွားပုံရိပ်တွေအပြင် ဘဝရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ ကျောင်းကြီးကိုလည်း အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ထားတာတွေ့ရမှာဖြစ်ပါတယ်။ ဒါပြင့် Tiktok ဗီဒီယိုလေးတွေကို ဆော့ရတာကို နှစ်သက်တဲ့ သူမက ယခုလည်း အပြင်းစား ညို့မျက်ဝန်းတွေနဲ့ ပုရိသတွေအသည်းခိုက်သွားအောင် ဆော့ထားတဲ့ Tiktok ဗီဒီယိုလေးကို ပရိသတ်တွေ ကြည့်ရူနိုင်ရန်ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source:Eaint Treasure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။