မိဘတွေအားထားရပြီး လိမ္မာရေးခြားရှိကာ ပညာရေးမှာပါ ထူးချွန်တဲ့ သမီးအလိမ္မာလေးတစ်ယောက် ဖြစ်တဲ့ ပိုးမမှီသာဟာ စိုင်းစိုင်းရဲ့ "သင်္ဂါရ" ဆိုတဲ့ သီချင်းလေးကနေ စတင်လူသိများလာသူဖြစ်ပါတယ်။ မြန်မာဝတ်စုံရိုးရိုးလေးတွေကို အမြဲဝတ်ဆင်လေ့ရှိပြီး အမြဲတမ်း မြန်မာဆန်ဆန်လှပနေတဲ့ သူမဟာ SAI Cosmetix ရဲ့ ပင်တိုင်ကြော်ငြာမော်ဒယ်လ်တစ်ဦးဖြစ်သလို လက်ဂရှိမှာ အနုပညာလောကမှာ နေရာရရှိလာတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

အနုပညာရှင်တစ်ယောက် အနေနဲ့ သာမက တစ်ချိန်မှာ ဆေးပညာနဲ့ပါ ပြည်သူတွေကိုပြန်လည်အကျိုးပြုမဲ့ ဆရာဝန်လောင်း ဒေါက်တာမလေးအဖြစ်ပါ ပြန်လည်တွေ့မြင်ရမှာဖြစ်ပြီး ပညာတတ်ပြီး အဖက်ဖက်မှာ ထူးချွန်တဲ့ ရှားရှားပါးပါးမိန်းကလေးလို့လည်း ဆိုနိုင်ပါတယ်။ လတ်တလောမှာ ဆိုင်ဖွင့်ပွဲ၊ ဖက်ရှင်လ်ရှိူးစသဖြင့် ပွဲတော်တော်များများကို တက်ရောက်ဖြစ်နေပြီး အမြဲတမ်းလုံလုံခြုံခြုံနဲ့ ကျက်သရေရှိလှပနေတာကို မြင်တွေ့ရမှာပါ။

အမြဲတမ်းမြန်မာဝတ်စုံလေးတွေသာ အဝတ်များပြီး ရိုးရိုးယဉ်ယဉ် နဲ့ လှပလွန်းတဲ့ ပိုးမမှီသာတစ်ယောက် အမျိုးသမီးလေးတွေကြားမှာ ရေပန်းစားလာဦးမဲ့ မြန်မာဝတ်စုံဖက်ရှင်လ်ဆန်းလေး တမျိုးနဲ့ ဆွဲဆောင်လိုက်ပြန်ပါတယ်။ သူမဝတ်ဆင်ထားတဲ့ အဖြူရောင်မြန်မာဝတ်စုံလေးဟာ တကယ့်ကို ရင်ဖုံးလက်ပြတ်၊ ခါးတိုစတိုင်လ်လေး နဲ့အရမ်းကို ရိုးရှင်းပေမဲ့ ဝတ်စုံမှာ" Beautiful " ဆိုတဲ့ အင်္ဂလိပ်စာသားလေးတွေနဲ့အတူ ဘိုဆန်ကာတမူထူးခြားတဲ့ ပိုးမမှီသာရဲ့ ဖက်ရှင်လ်ဝတ်စုံလေးအကြောင်းနဲ့အတူ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။  

source:Poe Mamhe Thar ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။