သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ဖြူဖြူဖွေးဖွေး အသားအရေလေးနဲ့ ကိုရီးယားသူလေးတစ်ယောက်လို ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ ဇာတ်ရုပ်မရွေး အကောင်းဆုံး အိုက်တင်တွေနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ပြနိုင်တဲ့ သူမက ထပ်ဆင့်အကယ်ဒမီဆုရှင်တစ်ဦးဖြစ်သလို ထိပ်တန်းမင်းသမီးစာရင်းမှာ နံပါတ်တစ်နေရာကနေ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေကစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို မနားတမ်းရိုက်ကူးနေရတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရွှေကစ်က ကြော်ငြာလေးတွေ ရိုက်ကူးနေရသလို နောက်ရိုက်မယ့် ဇာတ်ကားအတွက် ဝိတ်လျော့ဖို့ GYM ကို မကြာခဏသွားဆော့နေရတာ တွေ့ရပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ ရွှေကစ်က မိသားစုစုံစုံလင်လင်နဲ့ မှော်ဘီမြို့နယ်ရှိ အောင်ဇမ္ဗူတောရရိပ်သာကျောင်းတိုက်မှာ နှစ်ဦးအလှူတစ်ခုကို ကုသိုလ်ပြုခဲ့ပါတယ်။ ရွှေကစ်တို့မိသားစုလေးက သံဃာတော်တွေကို လှူဖွယ်ဝတ္ထုငွေနဲ့တကွ တစ်နေ့တာ နေ့ဆွမ်းကိုလည်း ဆပ်ကပ်လှူဒါန်းခဲ့ကြပါတယ်။ 

ဒါ့အပြင် ရွှေကစ်တို့က ကျောင်းတိုက်အတွင်းမှာပဲ စတုဒီသာအလှူကြီးကို အားတက်သရော ဒါနပြုလှူဒါန်းခဲ့ကြတာ တွေ့ရပါတယ်။ သူမရဲ့အလှူက ပုံရိပ်လေးတွေကိုလည်း ရွှေကစ်က My Story ကနေတစ်ဆင့် ပရိသတ်တွေ သာဓုခေါ်စေနိုင်ဖို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်တို့မိသားစုရဲ့ နှစ်ဦးအလှူပွဲလေးက ကြည်နူးပီတိဖြစ်ဖွယ် ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:wutthmoneshweyi;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။