ရုပ်ရှင်သရုပ်ဆောင် မင်းသားချောတစ်ဦးဖြစ်တဲ့ မင်းမော်ကွန်းကတော့ အနုပညာရှင်တွေထဲမှာ အရမ်းကို အရွယ်တင်နုပျိုလွန်းတဲ့ မင်းသားတစ်လက်လို့ ဆိုနိုင်ပါတယ်။ သီချင်းဆိုကောင်းပြီး ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မင်းမော်ကွန်းက သားနှစ်ယောက် ၊ သမီးတစ်ယောက်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း မင်းမော်ကွန်းက " ကျားကျားကြိုက်ကြိုက် " ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း မင်းမော်ကွန်းက နှင်းဆီအဖွဲ့သားတွေနဲ့အတူ " နှင်းဆီပုဝါခြုံလက် " ဆိုတဲ့ အငြိမ့်ပွဲကြီးမှာ လူရွှင်တော်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ အဖွဲ့သားတွေအားလုံးထဲမှာ အသက်ကြီးလာပေမယ့်လည်း ရုပ်ကအမြဲနုပျိုနေဆဲဖြစ်တဲ့ မင်းမော်ကွန်းကိုတော့ အားလုံးက မကြာခဏဆိုသလို ဝိုင်းစလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း မင်းမော်ကွန်းရဲ့သားလေးက ဖခင်ဖြစ်သူရဲ့ နုပျိုမှုကို အပျော်သဘောနဲ့ တင်စားပြလိုက်တာ တွေ့ရပါတယ်။

မင်းမော်ကွန်းရဲ့သားလေးဖြစ်တဲ့ Thomas က ဖခင်နဲ့အတူ ရိုက်ကူးထားတဲ့ ပုံလေးတွေကို " With this child " ဆိုတဲ့ခေါင်းစဉ်လေးနဲ့ တင်ထားတာ ဖြစ်ပါတယ်။ ကလေးရုပ်လေးနဲ့ အရွယ်တင်နုပျိုလွန်းတဲ့ ဖခင်ကို သားလေးက ချစ်စနိုးနဲ့ စနောက်တင်စားထားတာ ဖြစ်ပါတယ်။ အမှန်တကယ်မှာလည်း ကလေးသုံးယောက်ဖခင်ဖြစ်တဲ့ မင်းမော်ကွန်းရဲ့နုပျိုမှုကိုတော့ အားလုံးက အံ့အားသင့်ရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းမော်ကွန်းတို့သားအဖနှစ်ယောက်ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thomas Diaz;

photo:credit; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။