ပရိသတ် ကြီးရေ ပြည့်ဖြိုးတင်မောက်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်မလေးစူးရှထက်ဟာ ပုရိသတွေရဲ့ အသည်းစွဲတစ်ယောက်ဖြစ်ပြီး social media လောကမှာ နာမည်ကြီးရေပန်းစားနေတာပဲဖြစ်ပါတယ်။ သူမဟာဆိုရင် အခုလက်ရှိမှာ တော့ အကြမ်းစား mtv သီချင်းကို ရိုက်ကူးနေတာဖြစ်ပါတယ်။ သူမရဲ့ ချိုသာတဲ့ အသံနဲ့ စူးရှတဲ့အကြည့်တွေကြောင့် ယောကျာ်းလေးပရိသတ်တို့ရဲ့တစ်ခဲနက်အားပေးမှုကို အစဉ်အမြဲ ရယူပိုင်ဆိုင်လျက်ရှိတာပဲဖြစ်ပါတယ်။ 

သူမရဲ့ အမူအရာလေးတွေက ချစ်ဖို့ကောင်းလွန်းတာဖြစ်ပြီး ကြွေကျစေလာက်တဲ့ အပြောအဆိုပိုင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်း photo model အလုပ်ကို လုပ်ကိုင်နေတယ်ဆိုပင်မဲ့ ဘာသာရေးဘက်မှာလည်း မလစ်ဟင်းရအောင် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးပီပီ ဘုရားသွားကျောင်းတက်လုပ်တာကိုလည်း မုဒိတာပွားဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ သူမဟာဆိုရင် မိဘကိုလုပ်ကျွေးနေတဲ့ သမီးအလိမ္မာလေးပဲဖြစ်ပါတယ်။ 

မော်ဒယ်လ်စူးရှထက်ဟာဆိုရင် ပရိသတ်တွေနဲ့ အမြဲအဆက်အသွယ်မပြတ်ရလေအောင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို ဖော်ပြလေ့ရှိတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း "ဘဝမှာ ကိုယ့်ထက်ငယ်တဲ့သူကို ချစ်မိမှာ အကြောက်ဆုံးအလုပ် အချစ်က သိပ် အံ့သြစရာကောင်းတယ် မချစ်မိအောင်နေရင်းနဲ့ ချစ်မိခဲ့တယ် လွမ်းနေရတာကို ပိုချစ်တတ်လာတယ် အခုတော့တစ်ယောက်ထဲပါပဲ ဒီစာနဲ့ဒီပုံကို တင်ဖို့တွက် ကျွန်မလက်က ဖျက်လိုက်ရေးလိုက်နဲ့ မရတော့ဘူးတင်မယ်ကွာ ရင်ထဲမှာ မင်းကိုချစ်တယ်ဆိုတာသိစေချင်တယ် သက်ဆိုင်သူသို့ ဒီစာကို မင်းတွေ့လို့ပဲဖြစ်ဖြစ် မင်းသူငယ်ချင်းတွေပြလို့ပဲ ဖြစ်ဖြစ် မင်းမျက်နှာလေး ပြုံးနေလိုက်ပါ" လို့ဆိုတဲ့ လွမ်းဆွတ်ဖွယ်ဘဝကပေးတဲ့ ရင်ထဲကစာပိုဒ်လေးတစ်ပိုဒ်ကို သူရဲ့မြင်သူတိုင်းစွဲမက်စေလောက်တဲ့ အလှပုံရိပ်လေးတွေနဲ့တကွ ဖော်ပြထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source Zar Chi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။