ဝိတ်တော့ကျခြင်းပေမယ့် လေ့ကျင့်ခန်းလုပ်ရမှာတော့ တော်တော်များများမျက်နှာရှုံကြပါတယ်။ ဝိတ်တစ်ခါချမယ်ဆိုရင် အစားကလည်း လျော့ရ နဲ့ တော်တော်လေးအရှုပ်တယ်နော်။ ဒီတော့ အင်တာနက်ပေါ်မှာ ကော ကျန်းမာရေးလောကမှာပါ ခေတ်စားနေတဲ့ detox water လုပ်နည်းလေးကို ယနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ Detox water ဆိုတာ ဆေးဖက်ဝင်အပင်တွေကို ပေါင်းစပ်ပြီး ရေနဲ့ ဖျော်ထားတဲ့ ဖျော်ရည်တစ်ခုပဲ ဖြစ်ပါတယ်။ သူ့ကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အဆီတွေကို လျော့ချပေးနိုင်ရုံသာမက သွေးလည်ပတ်မှုကို ကောင်းစေတာကြောင့် အသားအရေကိုလည်း ဝင်းလက်စိုပြည်စေပါတယ်။ Detox waterက ဝိတ်ကျချင်တဲ့ ပျိုမေလေးတွေအတွက်တော့ တကယ့်ကို အသုံးဝင်စေမယ့် နည်းလမ်းကောင်းလေးပါ။

ဒါဆို ဘယ်လို ဖျော်ရမလဲ...??

သူမှာ ပါဝင်တာတွေက -

- ဂျင်း

- ရှောက်သီး

- သခွားသီး

- ပူစီနံ

- ရေ

- ပထမဆုံး အနေနဲ့ ရေ ၂လီတာခန့်ကို ယူပြီး ဖျော်မယ့် ဗူးထဲကိုထည့်ပါ။

- လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ဂျင်းကို လှီးပြီးရင် ဗူးထဲကို ထည့်ပါ။ (မှတ်ချက်- ဂျင်းကို မကြိတ်ပဲ အကွင်းလိုက်လှီးပြီးထည့်ရင်လည်း ရပါတယ်။)

- သခွားသီး အလုံးကြီးကြီးတစ်လုံးကို အလယ်ကနေ ထပ်ခြမ်းခြမ်းလိုက်ပါ။ ပြီးရင် အကွင်းလိုက်လေးတွေလှီးပြီး ဗူးထဲကို

ထည့်လိုက်ပါ။

- နောက်ဆုံးမှာတော့ ပူစီနံ ၄၊၅ ရွက်လောက်ယူပြီး ဗူးထဲကိုထည့်လိုက်ပါ။

အားလုံးထည့်ပြီးသွားပြီဆိုရင်တော့ အဆိုပါ ဖျော်ရည်ကို ရေခဲသေတ္တာထဲမှာ တစ်ညထားပေးရပါမယ်။ နောက်တစ်နေ့မနက်မှာတော့ သောက်သုံးလို့ရပါပြီ။

ဘယ်လိုသောက်သုံးရမလဲ??

Detox water ကို ထမင်းမစားခင် တစ်နာရီခြားတစ်ခါ ဖန်ခွက်တစ်ဝက်စာ ပုံမှန်သောက်သုံးပေးရပါမယ်။ ထိုကဲ့သို့ နေ့တိုင်းပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို သေစေနိုင်တဲ့ အပြင် ကိုယ်အလေးချိန်ကိုလည်း သိသိသာသာလျော့ကျစေနိုင်ပါတယ်။

(မှတ်ချက် - တစ်လလောက် ပုံမှန်သောက်သုံးပြီးပြီ ဆိုရင် ဆက်တိုက်မသောက်ပဲ ကြာမှာ နှစ်ပတ်နားပေးရပါမယ် ပြီးမှ နောက် တစ်လမှာ ပုံမှန်ပြန်လည်သောက်သုံးပေးရပါမယ်။)

ယနေ့ပြောပြပေးသွားတာလေးက အသုံးဝင်မယ်လို့ထင်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

Source:Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။