ချစ်စရာကောင်းတဲ့ လုံးတစ်သားအမိလေးဖြစ်ကြတဲ့ အေသင်ချိုဆွေနဲ့ သူမရဲ့သမီးလေးတို့ပုံရိပ်လေးက တကယ်ကိုအသည်းယားချင်စရာပါပဲ။ မေမေရော သမီးလေးရောချစ်ဖို့ကောင်းလွန်းတာမို့ ပရိသတ်တွေကလည်း ချစ်ခင်အားပေးနေတာပဲဖြစ်ပါတယ်။ Single Mother အဖြစ်နဲ့ သမီးလေးကို အကောင်းဆုံးပြုစုစောင့်ရှောက်ပေးနေတဲ့ အေသင့်ရဲ့ မိခင်ပီသတဲ့စိတ်ဓာတ်ကတော့ တကယ့်ကိုလေးစားအားကျချင်စရာပါပဲ။ ချစ်သမီးလေးကို အကောင်းဆုံးတွေပေးချင်တဲ့ မိခင်တစ်ယောက်ရဲ့စိတ်ဓာတ်နဲ့ သူမက အပြတ်အသတ်ကြိုးစားနေတာပဲဖြစ်ပါတယ်။

သမီးလေးအတွက် သီချင်းလေးတစ်ပုဒ်ကိုလည်းစပ်ဆိုထားပြီး ဒီသီချင်းလေးဟာ ပရိသတ်တွေကြားမှာလည်း အတော်လေးရေပန်းစားသွားခဲ့ပါတယ်။ သမီးလေးနဲ့ အမြဲလိုလို ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေရိုက်ကူးတတ်ပြီး ဒီတစ်ခေါက်မှာလည်း သားမိနှစ်ယောက် ချစ်စရာကောင်းတဲ့ ပန်းရောင်အင်္ကျီလေးပေါ်မှာ ဝက်ပုံစံ စတေကာလေးကပ်ထားတဲ့ တီရှပ်လေးကို ဆင်တူဝတ်ဆင်ထားကြတာပဲဖြစ်ပါတယ်။

ဒီလိုချစ်စရာကောင်းတဲ့ သူမတို့သားမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို " Mommy Pig & Baby Pig " ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ မေမေအေသင်နဲ့ သမီးလေး Ivy တို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။