ယူအေအီးနိုင်ငံမှာကျင်းပနေတဲ့အာရှဖလားပြိုင်ပွဲတွေကတော့မနေ့ကအုပ်စုနောက်ဆုံးပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အုပ်စုနောက်ဆုံးပွဲတွေဖြစ်တာကြောင့်အသင်းတိုင်းဟာအုပ်စုတက်ဖို့မျှော်လင့်ချက်တွေနဲ့ အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အကောင်းဆုံးအုပ်စုတတိယလေးသင်းမှာပါဝင်ဖို့အတွက်အကောင်းဆုံးကြိုးစားသွားခဲ့ကြပြီး ပရိသတ်တွေကိုအကောင်းဆုံးရသတွေပေးနိုင်တဲ့ပွဲတွေဖြစ်ခဲ့ရတာပါ။

အုပ်စုပွဲတွေပြီးဆုံးသွားချိန်မှာတော့နောက်ဆုံးရှုံးထွက်အဆင့်ကိုတက်ရောက်သွားတဲ့ အသင်းတွေထဲမှာအာစီယံကထိပ်သီးနှစ်သင်းပါခဲ့ တာပါ။ထိုင်းအသင်းကတော့အုပ်စုပွဲတွေမပြီးခင်ထဲကအုပ်စုတက်သွားပြီဖြစ်ပေမယ့်လည်းဗီယက်နမ်အသင်းကတော့အကောင်းဆုံး တတိယနေရာအတွက်အုပ်စုပွဲတွေအပြီးထိစောင့်ခဲ့ရတာပါ။

ဗီယက်နမ်အသင်းဟာအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ယီမင်အသင်းကို (၂-ဝ)ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီး၃မှတ်ရရှိကာရှုံးထွက်အဆင့်ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။ဗီယက်နမ်အသင်းဟာ အုပ်စုကျပ်အတွင်းမှာကျရောက်ခဲ့ပေမယ့်လည်းသူ့ရဲ့ပြင်းထန်တဲ့စိတ်ဓာတ်တွေကြောင့် ယခုလိုအောင်မြင်နိုင်ခဲ့တာဖြစ်ပါတယ်။ဗီယက်နမ် အသင်းဟာပြီးခဲ့တဲ့ အာစီယံဆူဇူကီးပြိုင်ပွဲမှာချန်ပီယံပီပီအာရှမှာလည်းအာစီယံနိုင်ငံတွေရဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဗီယက်နမ်အသင်းဟာရှုံးထွက်ပွဲစဉ်အဖြစ်လာမယ့်၂၀ရက်နေ့မှာဂျော်ဒန်နဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

SOURCE:AFC ASIAN CUP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။