အဆိုတော် နေရွှေသွေးအောင်ကတော့ Enrique Iglesias ရဲ့ သီချင်းတွေကို Cover Song အနေနဲ့ ပြန်လည်သီဆိုပြီး အမိုက်စား MTV တွေကို ဖန်တီးလေ့ရှိပါတယ်။ သူအနေနဲ့ ယခုအချိန်အထိ ရိုက်ကူးသီဆိုခဲ့တဲ့ သီချင်းစုစုပေါင်း ၆ ပုဒ်အထိရှိပြီး သီချင်းအားလုံးက အောင်မြင်ခဲ့တာ တွေ့ရပါတယ်။ နေရွှေသွေးအောင် ဖန်တီးခဲ့တဲ့ သီချင်းတွေကတော့ Forgiveness, Escape,Taking back my love,Do you know, Tonight I'm loving you နဲ့ Hero တို့ပဲ ဖြစ်ကြပါတယ်။

အခုလည်း နေရွှေသွေးအောင်က သူရဲ့ အမိုက်စားသီချင်းဗီဒီယိုတွေရဲ့နောက်ကွယ်က ဖန်တီးမှုတွေကို ကိုယ်တိုင်ပြောပြခဲ့ပြီး နောက်ရိုက်ကူးမယ့် ဗီဒီယိုတွေမှာလည်း Behind The Scenes တွေကို ထည့်သွင်းဖော်ပြသွားမယ်လို့ သိရပါတယ်။ အခုဗီဒီယိုဖိုင်လေးမှာလည်း နေရွှေသွေးအောင်က သူရဲ့သီချင်းဗီဒီယိုတွေအကြောင်းနဲ့ ဖန်တီးဖြစ်ခဲ့ပုံတွေကို ပြောပြခဲ့သလို ထွက်ရှိခဲ့ပြီးပြီဖြစ်တဲ့ MTV တွေရဲ့ ရိုက်ကွင်းတွေကိုလည်း ပြသခဲ့ပါတယ်။

မကြာသေးခင်ကမှ ရွှေမှုန်ရတီနဲ့ အသစ်ထွက်ရှိထားတဲ့ Hero သီချင်းဗီဒီယိုရိုက်ကူးရာမှာလည်း နေရွှေသွေးအောင်က ရွှေမှုန်ရဲ့အခန်းအထိ ကိုယ်တိုင်သွားစောင့်ပေးခဲ့တာကြောင့် ရွှေမှုန်ကိုယ်တိုင် အံ့အားသင့်ခဲ့ရကြောင်း ပြောပြထားပါတယ်။ ဒီဗီဒီယိုဖိုင်လေးမှာ နေရွှေသွေးအောင်နဲ့ အနုပညာရှင်တွေရဲ့ ရိုက်ကွင်းနောက်ကွယ်က ရင်းရင်းနှီးနှီး ဆက်ဆံမှုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် နေရွှေသွေးအောင်က မီဒီယာနဲ့ ပရိသတ်တွေအားလုံးရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားသွားမှာဖြစ်တယ်လို့ ပြောပြခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေရွှေသွေးအောင်ရဲ့ အကြမ်းစား MTV တွေရဲ့နောက်ကွယ်က ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nay Shwe Thway Aung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။