ပရိသတ်ကြီးရေ ပရဟိတမင်းသမီးချောလေးခိုင်နှင်းဝေကိုသိကြမယ်ထင်ပါတယ်နော်။ မင်းသမီးခိုင်နှင်းဝေဟာဆိုရင် ဟိုးအရင်မြန်မာဗီဒီယိုခေတ်ကတည်းက လူကြိုက်များအောင်မြင်ခဲ့တာဖြစ်ပြီး အခုအချိန်ထိရေပန်းစား အောင်မြင်နေတာဖြစ်ပါတယ်။ အသက်အရွယ်ရလာပင်မဲ့ နုပျိုနေတဲ့ မင်းသမီးခိုင်နှင်းဝေဟာဆိုရင် ပရဟိတ လုပ်ငန်းတွေကို စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ကိုင်နေတဲ့ အတွက်ကြောင့်နုပျိုကျန်းမာနေတယ်လို့ပြောရင်မှားမယ်မထင်ပါဖူးနော်ပရိသတ်ကြီးရေ...။

သူမဟာဆိုရင် တိရစ္ဆာန်လေးတွေကိုလည်းချစ်ခင်ကြင်နာတက်သူဖြစ်ပြီး ကိုယ်တိုင်ကိုယ်တိုင်ကျ အပင်ပန်းခံပြီးသွားရောက်ကျွေးမွေးတာကို ပရိသတ်တို့အနေနဲ့ မုဒိတာပွားဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ သူမရဲ့ ုofficial facebook acc တွင် တိရစ္ဆာန်လေးတွေကို သွားရောက်ကျွေးမွေးတုန်းက ရင်ထဲက ပီတိခံစားချက်တွေကို အခုလိုပဲ ပရိသတ်ကြီးကို ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပါတယ်။ "ကျွန်မ ချစ်တတ်တာ သူတို့သိပုံရတယ် ထင်ပါတယ် ..မိတ်ကပ်လိမ်းနေတဲ့ ဘေးကနေ အော်ပြီး အနားအတင်းကပ် အစာတောင်းကြတယ်... ကျွန်မ မှာ ပါလာတဲ့ မုန့်လေးတွေကျွေးလိုက်တော့ ပျော်ပြီးစားနေကြရှာတယ်လေ ...ခေါင်းလေးတွေပွတ်ပေးပြီး နောက်ဘဝ တိရိစ္ဆာန်ဘဝမဟုတ်ပဲ အပ္ပါယ်လေးဘုံမှလွတ်မြောက်ပြီး ကောင်းသောဘဝတွေ (သို့) လူဖြစ်ပါစေ ဆိုပြီး မေတ္တာပို့ပေးတော့ ငြိမ်ပြီး မျက်လုံးလေးမှိတ်ထားကြတာ တွေ့တော့ ကျွန်မ ဝမ်းသာ ဝမ်းနည်း ဖြစ်လိုက်တာရှင်......ကျွန်မ စိတ်နှလုံးမှာ သူတို့လေးတွေအပေါ် ထားတဲ့ စေတနာ မေတ္တာ ကို သူတို့ မြင်တယ် ထင်ပါတယ် ကျွန်မ နားက မခွါပဲ အနားမှာကပ်ချွဲနေကြတယ်လေ ..ထိုကဲ့သို့ ကျွန်မ နေ့စဉ် ပို့သသောမေတ္တာဓာတ်ကြောင့် သတ္တဝါလေးတွေ အေးချမ်းသာယာ ပြီး ဘေးအန္တရယ် ကင်းရှင်းကြပါစေ ..." ဆိုတဲ့ မေတ္တာပို့စာသားလေးပဲဖြစ်ပါတယ်။ မင်းသားဝေဠုကျော်နဲ့ မင်းသမီး ခိုင်နှင်းဝေဟာဆိုရင်လည်း လူထုအကျိုးဆောင်သံတမန်ဆုတွေကို ချီးမြှင့်ခံထားရတဲ့ မြန်မာပြည်ရဲ့ ပရဟိတမောင်နှမတွေပဲဖြစ်ပါတယ်။

မင်းသမီးခိုင်နှင်းဝေဟာဆိုရင် ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်အောင် လူမှုကွန်ယက် စာမျက်နှာပေါ်တစ်ခုဖြစ်တဲ့ သူမရဲ့ facebook စာမျက်နှာပေါ်တွင် နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုတွေကို အစဉ်အမြဲ ဖော်ပြပေးနေတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ ဝါသနာပါတဲ့ အနုပညာကို လုပ်ရမယ်ဆိုရင် ခေါင်းကိုက်နေတာတောင်ကြိုးစားပြီးဆက်လက်ရိုက်ကြောင်းကို အခုလိုပွင့်ပွင့်လင်းလင်း ဆိုထားတာဖြစ်ပါတယ်။ "ရှုတင်မှာခေါင်းကိုက်နေလို့..1,2,3,4 Action လဲပြောလိုက်ရော ချက်ချင်း ကောင်းသွားရပြန်ရော..ကိုယ်ဝါသနာပါပြီး ချစ်မြတ်နိုးတဲ့ အနုပညာအလုပ်ဖြစ်နေတဲ့ ဘယ်တော့မှမပင်ပန်းပါဘူး..ကိုယ့်ကိုအားပေးတဲ့ ပရိသတ်,ချစ်တဲ့ ပရိသတ်ရှိနေသ၍ အနုပညာလမ်းပေါ် ဆက်လျှောက်နေမှာပါ.." ဆိုတဲ့ သူမရဲ့စံပြုလောက်တဲ့ ဇွဲလုံ့လနဲ့တကွ ကြည့်ရှုသူတိုင်းရင်ထဲအေးချမ်းသွားမဲ့သူမရဲ့ အလှပုံရိပ်တွေကို myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။