Guardian Of The Galaxy အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Chris Pratt နဲ့ Terminator စက်ရုပ်ဖြစ်တဲ့ Arnold Schwarzenegger တို့ဟာခုချိန်မှာဆိုရင်တော့ အမျိုးတွေတော်ကြတော့မှာပဲဖြစ်ပါတယ်။ Chris ဟာ Arnold ရဲ့သမီး Katherine Schwarzenegger နဲ့စေ့စပ်းပဲဖြစ်ပါတယ်။ Arnold မှာသားသမီး ၅ယောက်ရှိကာ Katherine ကအကြီးဆုံးသမီးပဲဖြစ်ပါတယ်။ Katherine ဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ 

Chris ဟာခုချိန်မှာ အသက်၃၉နှစ်ရှိပြီဖြစ်ပြီး ကလေးတစ်ယောက်ရှိကာ Katherine ဟာတော့ခုချိန်မှာ အသက်၂၉နှစ်ရှိပြီဖြစ်ပါတယ်။ သူတို့ဟာ Nick Jonas တို့လိုမျိုးပဲ ၁၀နှစ်ကွာကြပါတယ်။ တနင်္ဂနွေနေ့ညက Chris ဟာ သူရဲ့ဇနီးလောင်းနဲ့အတူ ပျော်ရွှင်စွာလမ်းလျောက်ခဲ့ပြီး သူတို့နှစ်ယောက်ကို Snap ရိုက်ထားတဲ့ပုံကို Instagram မှာတင်ခဲ့ပါတယ်။ ထို့အပြင် Chris ဟာ 14ရက်နေ့က Instagram ပေါ်ခုလိုပဲတင်ခဲ့ပါသေးတယ်။

" ချစ်ရသော Katherine ရေ....မင်းဆိက yes ဆိုတဲ့ အဖြေစကားလေးကြားရတာ ကိုယ်အရမ်းပျော်တာပဲ....ကိုယ်မင်းနဲ့လက်ထပ်ဖို့ အရမ်းတွေစိတ်လှုပ်ရှာနေပြီ....ကိုယ်မင်းနဲ့အတူ ယုံကြည်မှုတွေနဲ့ရဲရင့်စွာ နေသွားရတော့မဲ့အတွက် ကိုယ်အရမ်းကို ဂုဏ်ယူပါတယ်...ကိုယ်တိုတွေ ဘဝအခတ်အခဲတွေကိုရင်ဆိုင်လိုက်ကြစို့ " ဆိုပြီ တင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ June 2018 ကစတင် ချိန့်တွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။ Chris မှာ ၆နှစ် အရွယ်သားလေး Jack ရှိပါတယ်။ သူရဲ့အရင်မိန်းမဖြစ်တဲ့ မင်းသမီး Anna Faris နဲ့ August 2017 မှာတရားဝင် ကွာရှင်ခဲ့ကြပါတယ်။  

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။