ဒီနှစ်ရဲ့အကယ်ဒမီပေးပွဲကတော့ ရွှေရောင်လွှမ်းတဲ့ညလို့တင်စားရမလိုပါ ... ရွှေအစစ်ဝတ်စုံတွေဝတ်ဆင်တာ ခေတ်စားလာပါတယ် ။ ရွှေဝတ်စုံတွေကိုဘယ်သူတွေ ဘယ်လိုပုံစံနဲ့ ဝတ်ဆင်ထားကြလဲ ကြည့်ကြရအောင်နော် ။

နန်းဆုရတီစိုးကတော့ ဒီဇိုင်နာ မျိုးမင်းစိုးကချုပ်လုပ်ပေးတဲ့ ရွှေဝတ်စုံလေးကို ဝတ်ဆင်ထားတာပါ ။ ရွှေရောင်ဖန်ချောင်းလေးများနဲ့ ရက်လုပ်ထားတဲ့ အကျႌရယ် မြန်မာ့ရိုးရာပန်းချီပညာနဲ့ ချယ်မှုန်းထားတဲ့ လုံချည်လေးကိုဝတ်မှာပါ ။ ဝတ်စုံကရွှေတွေနဲ့ လက်ဝတ်ရတနာတွေအတွက်တော့ အောင်သမာဓိက စီစဉ်ပေးပါတယ်တဲ့ ။ အိတ်နဲ့ ဖိနပ်လေးကတော့ versace တံဆိပ်ပါတဲ့ ။

ပရိတ်သတ်အချစ်တော် ပွင့်ကတော့ အပြာရောင်ဝတ်စုံလေးနဲ့ လှပလို့နေပါတယ် ။ ရွှေတွေကွပ်ထားတဲ့ ဝတ်စုံလေးကို Aroma ကဖန်တီးပေးထားပြီး ရွှေနဲ့လက်ဝတ်ရတနာတွေအတွက် ၀ိန့်စိန်ကပံပိုးပေးတာပါတဲ့ ။  

ရွှေစင် ၂ ပိသာ ဆင်ယင်ထားတဲ့ ခင်ဇာခြည်ကျော်ကတော့ အဆင့်ဆင့်ရွှေဆွဲကြိုးတွေ ရွှေဆံထိုးတွေအပြင် အကျီီမှာကပ်ထားတဲ့ကနုတ်ပုံစံရွှေတွေအပြင် ထမီကချိတ်လိုင်းတွေမှာပါရွှေတွေကပ်ပြီးချုပ်ထားတာပါ ။ ရွှေစင်အတိအိတ်နဲ့ ရွှေပုဝါလေးကိုပါ ခြုံလွှမ်းထားသေးတာမို့ ဝင့်ဝင့်ကြွားကြွားတောက်ပနေပါတယ် ။ ရွှေတွေကို ၀ိန့်စိန်ကစီစဉ်ပေးထားပြီး ဒီဇိုင်း မိတ်ကပ်ကိုတော့ Aroma ကပံပိုးတာပါ ။ 

နဒီဝင့်နိုင်ကလဲ ရွှေအပြည့်ဆင်ယင်ထားပါတယ် ။ နုနုငယ်ငယ်မင်းသမီးလေးမို့ ရွှေပန်းပွင့်လေးတွေကပ်ထားတဲ့ အကျီီမှာ ရွှေခါးပါတ်လေးပါပါတ်ထားပါတယ် ။ ချိတ်လိုင်းမှာလဲ ရွှေတွေကပ်ချုပ်ထားတာပါ ။ ရွှေတွေကို ၀ိန့်စိန်ကစီစဉ်ပေးထားပြီး ဒီဇိုင်း မိတ်ကပ်ကိုတော့ Aroma ကပံပိုးတာပါ ။

သရုပ်ဆောင်ပိုးကြာဖြူကလဲ နန်းဆန်ဆန်လှပနေတာပါ ။ ရွှေပန်းပွင့်လေးတွေနဲ့ရွှေခါးပါတ်လေးကို ၀ိန့်စိန်ကစီစဉ်ပေးထားပါတယ် ။ ဒီဇိုင်း မိတ်ကပ်ကိုတော့ Aroma ကပံပိုးတာပါ ။

သရုပ်ဆောင်သက်သခင်ရကလဲရွှေပုဝါ ရွှေခါးပါတ် ရွှေကွပ်ထမီလေးနဲ့ အကျီီမှာရွှေတွေကပ်ပြီး တတ်ရောက်ခဲ့တာပါ ။ ရွှေတွေကို ၀ိန့်စိန်ကစီစဉ်ပေးထားပြီး ဒီဇိုင်း မိတ်ကပ်ကိုတော့ Aroma ကပံပိုးတာပါ ။

မြန်မာပြည်သိန်းတန်တို့ဇနီးမောင်နှံကတော့ ကြိုတင်သတင်းထွက်ခဲ့တဲ့အတိုင်း
ရွှေချိန် ၈ ကျပ်သားနဂါးကြီးနဲ့တကွ ရွှေကွပ်ထားတဲ့ အကျီီ ရွှေပုဝါတို့နဲ့ တတ်ရောက်ခဲ့တာပါ ။
၀ိန့်စိန်နဲ့ Aroma ကပံပိုးပေးတာပဲဖြစ်ပါတယ် ။

ကောင်းပြည့်ကလဲရွှေပြားကပ်ထားတဲ့တိုက်ပုံနဲ့ တောက်တောက်ပပပွဲတတ်လာခဲ့တာပါ ။
၀ိန့်စိန်နဲ့ Aroma ကပံပိုးပေးတာပဲဖြစ်ပါတယ် ။

စိုးနန္ဒာကျော်ကလဲ ၀ိန့်စိန်နဲ့ Aroma ကစီစဉ်ပေးတဲ့ ရွှေဝတ်စုံဒီဇိုင်းဆန်းလေးနဲ့ပွဲတတ်ခဲ့ပါတယ် ။ 

ရွှေစင်တပိသာနီပါး ဆင်မြန်းလာခဲ့သူကတော့ ဒိန်းဒေါင်ပဲဖြစ်ပါတယ် ။ ပခုံးကစပြီး တွဲလွဲကျနေတဲ့ ရွှေတွေနဲ့ အင်မတန် ကြည့်လို့ကောင်းနေတာပါ ။ ရွှေတွေကိုတော့အောင်သမာဓိရွှေဆိုင် ကစီစဉ်ပေးတာလို့သိရပါတယ် ။

Source : Aroma and FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။