ပရိသတ်တွေရဲ့ Idol Couple ဖြစ်ကြတဲ့ အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် မင်းသမီးလေး ရွှေမှုန်ရတီတို့စုံတွဲကတော့ လက်ရှိမှာ ကမ်းခြေကို အပန်းဖြေဖို့အတွက် ရောက်ရှိနေကြပါတယ်။ ချစ်သူစုံတွဲဘဝကတည်းက တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ ရွှေရွှေတို့စုံတွဲလေးက အိမ်ထောင်သည်ဘဝရောက်တဲ့အခါမှာလည်း အရင်ကထက် ပိုတိုးလို့ ချစ်လာကြတာ တွေ့ရပါတယ်။ ရွှေထူးကလည်း ဇနီးလေး ရွှေမှုန်ရတီကို မျက်စိရှေ့က အပျောက်မခံနိုင်လောက်အောင် ချစ်တတ်သူ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူတို့စုံတွဲလေးက ပွဲအခမ်းအနားလေးတွေကို ရှေ့သွားနောက်လိုက်ညီစွာ တက်ရောက်နေကြတာ တွေ့ရပါတယ်။ အလုပ်တွေကိုယ်စီနဲ့ မအားလပ်နေတဲ့ ရွှေရွှေတို့ဇနီးမောင်နှံက အခုတော့ ငွေဆောင်ကမ်းခြေကို အပျင်းပြေရောက်ရှိနေကြတာ ဖြစ်ပါတယ်။ အခုလည်း သူတို့စုံတွဲလေးက လွတ်လပ်ပေါ့ပါးတဲ့ အလန်းစားဖက်ရှင်လေးတွေနဲ့ ကမ်းခြေမှာ အရမ်းကို Romantic ဆန်ဆန် လျှောက်လည်နေကြပါတယ်။

အခုလည်း ရွှေထူးက ချစ်ဇနီးလေး ရွှေမှုန်ရတီကို ကလေးတစ်ယောက်လို ပွေ့ချီပြီး ကမ်းခြေအနှံ့ အလည်ထွက်နေတဲ့ပုံရိပ်လေးတွေကို ရွှေမှုန်က သူမရဲ့ My Story မှာ အသစ်တင်ထားပါတယ်။ ရွှေထူးက ရွှေမှုန်လေးကို မျက်စိရှေ့ကတောင် အပျောက်မခံနိုင်အောင် ချစ်သလို ရွှေမှုန်ကလည်း ခင်ပွန်းသည်ကို ချွဲနွဲ့ပြီး အချစ်တွေပိုနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲရဲ့ ကြည်နူးအားကျချင်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Htoo Khant & Shwe Mhone Yati;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။