ဟန်တီကတော့ "Miss Myanmar World 2018" ပြိုင်ပွဲကြီးရဲ့ သရဖူဆုရှင်လေးပဲ ဖြစ်ပါတယ်။ ကျော့ရှင်းလှပတဲ့ ခန္ဓာကိုယ်အလှပိုင်ရှင် ဟန်တီလေးက စကားပြောတဲ့အခါမှာလည်း ကလေးတစ်ယောက်လို အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့သူလေး ဖြစ်ပါတယ်။ သူမအနေနဲ့ Miss တစ်ယောက်မဖြစ်ခင်ထဲက အနုပညာလောကမှာ မော်ဒယ်တစ်ယောက်အဖြစ် နာမည်ရနေခဲ့သူလည်း ဖြစ်ပါတယ်။  

ပရိသတ်တွေရဲ့ အသည်းကျော်လေး ဟန်တီကတော့ ကလေးငယ်လေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းကို ဖမ်စားထားသူလေးပဲဖြစ်ပါတယ်။ ဟန်တီကတော့ ရှည်လျားလှတဲ့ ဆံပင်လေးတွေ မြန်မာဆန်လွန်းတဲ့ ဖက်ရှင်လေးတွေနဲ့ ပရိသတ်တွေရင်ထဲကို တိုးဝင်ရောက်လာသူလေးပဲဖြစ်ပါတယ်။  

ယနေ့မှာတော့ ဟန်တီတစ်ယောက်ကတော့ "Miss ဆိုတာ လှနေရုံနဲ့ ဝင်ပြိုင်လို့မရဘူး နိုင်ငံ့ဂုဏ်ဆောင်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အရည်အချင်း လုပ်သမျှကိုင်သမျှကို နိုင်ငံတကာက စောင့်ကြည့်ကြတယ်" "အခုတော့ Europe ကိုသွားဖို့ရှိပါတယ်" လို့ MYANMAR IOAD TVအင်တာပျူးမှာ ဖြေကြားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုပါဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

SOURCE: MYANMAR IOAD TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။