စွန့်ပစ်ခံ ကလေးငယ်များစွာရဲ့ သနားစရာအဖြစ်အပျက်တွေကတော့ ပြည်ပနိုင်ငံများစွာမှာတင်သာမက ပြည်တွင်းနေရာအနှံ့အပြားမှာလည်းတွေ့မြင်နေရတာပဲဖြစ်ပါတယ်။ အဆိုပါ စွန်ပစ်ခံကလေးငယ်တွေထဲမှာ မကြာသေးမီလောက်က ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့ စွန့်ပစ်ခံရမှုသတင်းလေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ ကလေးငယ်လေးကတော့ စက္ကူပုံးအတွင်းထည့်ကာ စွန့်ပစ်ခံခဲ့ရတာဖြစ်ပြီး ပြည်တွင်း သတင်းမီဒီယာများနှင့် ပရဟိတလောကမှာ နာမည်ကြီးခဲ့တဲ့ ကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ယင်းကလေးကတော့ ယောင်္ကျားလေးတစ်ဦးဖြစ်ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ကောက်ယူမွေးစားခဲ့ကြောင်း သိရပါတယ်။  

မွေးရာပါ ဘဝကံမကောင်းခဲ့ပေမယ့် ချစ်စရာကလေးငယ်လေးရဲ့ အနာဂတ်ဟာ သာသနာ့အရိပ်အောက်မှာ ဖြူစင်တဲ့စိတ်ထားတွေနဲ့ ကြီးပြင်းလာနိုင်တော့မှာပဲဖြစ်ပါတယ်။ အစွန့်ပစ်ခံ ချစ်စရာကိုယ်ရင်လေးရဲ့ သာသနာ့ဝတ်ရုံနဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Hhanyte Theeraphut

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။