အောင်မြင်တဲ့ အနုပညာရှင်များစွာပါဝင်တဲ့ အဖွဲ့လေးတစ်ခုဖြစ်တဲ့ Let's Go team လေးကတော့ အရမ်းကို တက်ကြွပြီးပျော်ရွှင်စရာကောင်းတဲ့ အဖွဲ့လေးတစ်ဖွဲ့ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ခရီးသွားရမယ်ဆိုရင် အမြဲတက်ကြွနေတတ်တဲ့ တိုင်ရွန်၊ ကောျ်ထက်ဇော်၊ နန်းသူဇာမောင်၊ လွမ်းပိုင်၊ နန်းမြတ်ဖြိုးသင်း၊ ဒါရိုက်တာဝေမင်းမောင်၊ B Sox တို့နဲ့ အတူ အခြားအဖွဲ့ဝင်များပါဝင်တဲ့ Let's Go အဖွဲ့လေးကတော့ ၅နှစ်ကျော်ကြာမှ ပထမဆုံး ပြန်လည်ခရီးသွားခဲ့ကြတာဖြစ်ပါတယ်။

ယခုဆိုရင်တော့ အလုပ်တွေကိုယ်စီအကုန်နားပြီး ၂၀၁၉ရဲ့ နှစ်အစပိုင်းမှာ ကံကောင်းခြင်းတွေနဲ့ အတူပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးကို စတင်ခဲ့တာဖြစ်ပါတယ်။ ယခုဆိုရင်တော့ ငပလီကိုရောက်ရှိနေပြီဖြစ်တဲ့ သူတို့ အဖွဲ့လေးရဲ့ ပထမဦးဆုံးပုံရိပ်လေးတွေကို ပရိသတ်တွေမြင်တွေ့ရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ပျော်ရွှင်စွာနဲ့ စနောက်ရင်း လမ်းလျှောက်ထွက်နေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်။

ထူးခြားတာတခုကတော့ အားလုံးထဲမှာ မမဗိုက်တစ်ယောက်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်း က မမောမပန်းပဲ ခရီးတွေထွက်နေတာပဲ ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့လေးထဲမှာ ချစ်စရာကောင်းတဲ့ စုံတွဲလေးဖြစ်တဲ့ လွှမ်းပိုင်နဲ့ B Sox တို့စုံတွဲလေးရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပျော်စရာကောင်းတဲ့ ငပလီကို ပထမဆုံးစရောက်တုန်း ရိုက်ထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source:Wai Min Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။