အကယ်ဒမီပွဲဆိုတာတော့ တစ်နှစ်မှတစ်ကြိမ်သာ ကျင်းပတဲ့ပွဲဖြစ်လို့ အနုပညာရှင်တွေအနေနဲ့ စိတ်လှုပ်ရှားရသလို အကောင်းဆုံး အလှဆုံးတွေပြင်ဆင်ပြီး တက်ရောက်ကြတဲ့ပွဲဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ အကယ်ဒမီပေးပွဲကို အနက်ရောင်ဖက်ရှင်နဲ့ ဆံပင်ကိုအပြောင်သိမ်းပြီး ပွဲတက်လာပါတယ်။

အဲ့ဒါ့ထက်ထူးခြားတာက ရွှေမှုံရတီ ပွဲတက်ရင်းစီးလာတဲ့ဖိနပ်ဟာ သိန်း (၇၀)တန် စင်ဒရဲလားဒေါက်ဖိနပ် ဖြစ်တယ်လို့ သူမရဲ့ ဖေ့ဘုတ်မှာ တင်ထားတာပါ။

အဆိုပါဖိနပ် နဲ့ ပတ်သက်ပြီး ဒီဇိုင်နာမျိုးမင်းစိုးက “သိန်း(၇၀)တန်ဖိနပ်ကြီးပေါ့” ဆိုပြီး ကွန့်မန့်ဝင်ရေးလိုက်ပါတယ်။

နောက်ဆုံးပေါ် branded တွေကို အသုံးများလာတဲ့ ရွှေမှုံ ဟာ အရင်နှစ်တွေထက်လည်း ပိုပြီး လန်းလာတာကို သတိထားမိကြမှာပါ။

အနုပညာပျိုးခင်းကနေ ရွေးချယ်ခံရရင်း နာမည်ရလာတဲ့ တက်သစ်စမင်းသမီး ရွှေမှုံရတီ ဟာ အသက်ငယ်ပေမယ့် ပရိသတ်တွေ အခိုင်အမာရရှိနေပြီဖြစ်ပါတယ်။

ရွှေမှုံဟာ မကြာသေးမီရက်ပိုင်းတွေက ချစ်သူနဲ့ အဆင်မပြေလို့ အသဲကွဲစာတွေကို ရေးတင်ခဲ့ပေမယ့် ခုရက်ပိုင်းမှာတော့ သူ့ရဲ့ တစ်ဦးတည်းသော မောင်နဲ့ အဆင်ပြေနေပြီး အသဲကွဲနေတာမဟုတ်ဘူးလို့ လည်း ငြင်းဆိုထားပါတယ်။  

သတင်းအရင်းမြစ် Shwe Hmone Yati fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။