MRTV 4 ရဲ့ မင်းသမီးချောလေးတစ်လက်ဖြစ်တဲ့ ပိုးကြာဖြူခင်တစ်ယောက် ဆုံးပါးသွားတာ လေးလကျော်ပြီဖြစ်တဲ့ ဖခင်ဖြစ်သူကို လွမ်းဆွတ်တဲ့အကြောင်းလေးကို သူမရဲ့ Instagram My Day မှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ငယ်စဉ်ကတည်းက ချစ်ခင်တွယ်တာခဲ့ရတဲ့ လက်ဦးဆရာတစ်ဆူပျောက်ကွယ်သွားတဲ့ ခံစားချက်က ဘာနဲ့မှနှိုင်းယှဉ်လို့မရအောင် နာကျင်ရပါတယ်။ သူမရဲ့ " မိုးကောင်းကင်အိပ်မက် " ဆိုတဲ့ ဇာတ်လမ်းတွဲလေး ထုတ်လွှင့်ပြသတဲ့နောက်ဆုံးရက်မှာပဲ ဖခင်ဖြစ်သူတိမ်းပါးခဲ့ရတာဖြစ်ပါတယ်။

အချိန်တွေဘယ်လောက်ပဲကြာကြာ ဘယ်တော့မှမေ့နိုင်မှာမဟုတ်တဲ့ ဘဝရဲ့အမှတ်ရဆုံးလူတစ်ယောက်မို့ သူမက ခံစားချက်တွေကို အခုလိုဖွင့်ချ ပြလိုက်ရတာပဲဖြစ်ပါတယ်။ တကယ်ကိုစိတ်မကောင်းစရာပါပဲ ပရိသတ်ကြီးရေ။ အောင်မြင်မှုသရဖူတွေဆောင်းနေတဲ့ မင်းသမီးလေးဖြစ်ပြီး လက်ရှိအချိန်မှာလည်း ဇာတ်လမ်းတွဲတွေရိုက်ကူးနေရပြီး ပရိသတ်တွေချစ်ခင်အားပေးတဲ့ မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။

သူမရဲ့ရင်တွင်းခံစားချက်လေးကို " 4 Months I Miss You Dad " ဆိုပြီး ရေးသားခဲ့တာပဲဖြစ်ပါတယ်။ သူမတို့ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေကြောင့် ဖခင်ဖြစ်သူဟာ ကောင်းမွန်တဲ့ဘုံဘဝတစ်ခုမှစံစားနေရမှာပါ ဆိုင်းမိုင်လေးရေ။ ချစ်ခင်အားပေးတဲ့ပရိသတ်တွေလည်း အများကြီးရှိနေတာမို့ အားတင်ထားပါလို့ အားပေးလိုက်တယ်နော်။

Photo - Poe Kyar Phyu Khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။