လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက မပွတ်ကျွတ်ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိခဲ့တဲ့ မြန်မာတစ်ပြည်လုံးရဲ့ အချစ်တော် မင်းသမီးချော ခိုင်သင်းကြည်ကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသလို အနုပညာသက်တမ်းတစ်လျှောက် နာမည်ပျက်မရှိခဲ့တဲ့ အချစ်တော်မင်းသမီးချောတစ်ဦးပါပဲ..။

ကျရာဇာတ်ရုပ်တွေကို ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် အကယ်ဒမီဆုတွေကို ပိုင်ဆိုင်ထားတဲ့ မခိုင်လေးကတော့ သွက်သွက်လပ်လပ်နဲ့ အမြဲတတ်ကြွလန်းဆန်းနေသလို စကားပြောပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ အမူအရာတွေအပြင် ပရိသတ်တွေအပေါ်လည်း ရင်းနှီးနွေးထွေးမှုတွေကလည်း သူမကို အချစ်ပိုစေတာဆိုလည်း မမှားပါဘူး..။

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ မခိုင်လေးကတော့ အသက်(၄၀)ကျော်အရွယ်လို့ မထင်ရလောက်အောင် နုပျိုမှုတွေနဲ့အတူ ပရိသတ်တွေကို မယုံနိုင်လောက်အောင် လှသွေးကြွယ်နေတာမို့ ချစ်ရတဲ့ ပရိသတ်တွေကလည်း ဟာသလေးနှောပြီး ချစ်စနိုးလေးနဲ့ စနောက်လိုက်ကြတာ တွေ့ရပါတယ်..။

အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့အချိန်ကနေ မပြောင်းလဲတဲ့နုပျိုမှုတွေကြောင့် လွန်ခဲ့တဲ့နှစ်(၂၀)ကျော်က ပုံလေးတွေနဲ့ လက်ရှိပုံတွေကို နှိုင်းယှဉ်ပြီး ဘယ်တော့ အသက်ကြီးမှာလဲလို့ ဟာသလုပ်ပြီး ပရိသတ်တွေက ချစ်စနိုးလေးစနောက်လိုက်ကြတာပါ..။

အနုပညာသက်တမ်းတစ်လျှောက် မြန်မာတနိုင်ငံလုံးက ပြည်သူပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားတဲ့ အားလုံးရဲ့အချစ်တော် မခိုင်လေးကတော့ တကယ်ကို မအိုဆေးတွေများ စားထားသလားလို့ ထင်မှတ်ရလောက်အောင် လှသွေးကြွယ်နေဆဲပါပဲ..။

ပရိသတ်တွေ မချစ်ပဲ မနေနိုင်လောက်အောင် လက်ရှိ မင်းသမီးချောငယ်ငယ်လေးတွေနဲ့အပြိုင် နုပျိုနေတဲ့ မခိုင်လေးကို ပရိသတ်တွေ ချစ်စနိုးလေး စနောက်ထားတဲ့ ဓာတ်ပုံလေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ ရှု့စားအားပေးကြပါဦးနော်..။

Photo - ခိုင်သင်းကြည်၊ Myomin Aung၊ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။