ကမ္ဘာကျော်တိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပြီး အယ်လေဂလက်ဆီအသင်းရဲ့တိုက်စစ်မှူးအီဗရာဟီမိုဗစ် ကတော့ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ရော်နယ်ဒိုကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။မိုဗစ်ကတော့ဒီနှစ်ဘောလုံးရာသီကမှအမေရိကန်ကလပ်အယ်လေဂလက်ဆီကိုရောက်ရှိလာတာဖြစ်ပါတယ်။မိုဗစ်ကတော့လက်ရှိအချိန်မှာ၂၇ပွဲကစားပြီး၂၂ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

မိုဗစ်ရော်နယ်ဒိုကိုပြင်းပြင်းထန်ထန်ဝေဖန်ရတဲ့အကြောင်းကတော့ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး ဒိုလေးနဲ့ပြိုင်ဘက် မက်ဆီကြောင့်ပဲဖြစ်ပါတယ်။ဒိုလေးကမက်ဆီကိုအီတလီစီးရီးအေမှာကစားဖို့ဒိုလေးကဖိတ်ခေါ်လိုက်တာပါ။ရော်နယ်ဒိုဟာဒီနှစ်ရာသီအစမှာရီးရဲအသင်းကနေဂျူဗင်တပ်အသင်းကိုပြောင်းရွေ့လာတာဖြစ်ပါတယ်။

အစပိုင်တုန်းကဂိုးမသွင်းနိုင်ခဲ့လို့ဝေဖန်မှုတွေခံရပေမယ့်ယခုအချိန်မှာဒိုလေးကဂိုးတွေသွင်းပြီး ပရိသတ်တွေအချစ်ဖြစ်နေရတာပါ။ ရော်နယ်ဒိုကမက်ဆီကိုအီတလီမှာစိမ်ခေါ်မှုအသစ်တွေရှိတာကြောင့် ကမ္ဘာအကောင်းဆုံးကစားသမားဖြစ်ကြောင်းသက်သေပြဖို့ စိန်ခေါ်လိုက်တာဖြစ်ပါတယ်။ဒိုလေးကမက်ဆီလာရောက်မှာစိတ်မပူကြောင်းနဲ့သူကအသင်းတိုင်းမှာဆုဖလားတွေယူနိုင်ကြောင်းပြောခဲ့တာပါ။မိုဗစ်ကတော့ဘာမှသက်သေမပြသင့်ကြောင်းနဲ့ဒိုလေးသက်သေပြချင်ရင် ဒုတိယတန်းကလပ်တွေကိုပြောင်းပြီးအောင်မြင်အောင် မလုပ်ပဲဘာလို့ဂျူဗီကိုပြောင်းခဲ့လည်းဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

PHOTO:The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။