မြန်မာနိုင်ငံရဲ့ထိပ်တန်းမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ကချင်တိုင်းရင်းသူလေး အောန်ဆိုင်းဟာ ယောကျာ်းလေးပရိသတ်တွေရဲ့ အချစ်တော်လေးသာမက မိန်းကလေးပရိသတ်တွေကပါအားကျရတဲ့ အလန်းဆုံးနဲ့ အဟော့ဆုံးအနုပညာရှင်ထဲကတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။Professional Role Modelတစ်ယောက်မို့ ပိန်ပိန်ပါးပါးနဲ့ အမြဲတမ်း ဖက်ရှင်ကျ၊ Hot နေအောင် ဝတ်ဆင်တတ်ပြီး ကျန်းမာရေးအထူးလိုက်စားသူလည်းဖြစ်ပါတယ်။

ရေကူးခြင်း၊ Surfingလုပ်ခြင်း၊ Sky divingလုပ်ခြင်း၊ မြင်းစီးခြင်း၊ Gymဆော့ခြင်း၊ ခရီးထွက်ခြင်း စသဖြင့် ထူးထူးခြားခြား စွန့်စွန့်စားစား ဝါသနာတွေနဲ့ သူမဟာ တကယ့်ကို တမူထူးခြားတဲ့ မိန်းကလေးလို့ ဆိုနိုင်ပါတယ်။ လက်ရှိ အနုပညာမော်ဒယ်လ်လောကမှာ အနုပညာကြေးအမြင့်ဆုံးထိပ်တန်းမော်ဒယ်လ်စာရင်းမှာ အောန်ဆိုင်းတစ်ယောက်ပါဝင်နေသလို သူမရဲ့ အလုပ်ကို တာဝန်ကျေတာထက်ပိုအောင် လုပ်ကိုင်တတ်သူလေးဖြစ်ပါတယ်။

မော်ဒယ်လ်တစ်ယောက်အနေနဲ့သာမက နောက်ထပ်အနုပညာခြေလှမ်းအဖြစ် သရုပ်ဆောင်လောကကို တစွန်းတစဝင်ရောက်လာတဲ့ အောန်ဆိုင်းဟာ သူမ ပထမဆုံးပါဝင်သရုပ်ဆောင်ထားတဲ့ "မဟူရာရုပ်ရှင်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပထမဆုံး ပိတ်ကားထက်မြင်တွေ့ရမှာဖြစ်ပြီး အောန်ဆိုင်းရဲ့ ပရိသတ်တွေကတော့ ကြည့်ရှူခွင့်ရဖို့အရမ်းကို မျှော်လင့်နေကြပါတယ်။ လက်ရှိမှာတော့ အောန်ဆိုင်းဟာ ငပလီကမ်းခြေကို အနုပညာမိတ်ဆွေ တချိုနဲ့ ရောက်ရှိနေတာဖြစ်ပြီး ဘီကီနီဝတ်စုံလေးနဲ့ အပြတ်လန်းနေတဲ့ ကမ်းခြေပုံရိပ်အလှတွေကို ဖော်ပြလိုက်ရပါတယ်။

source: Awn seng 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။