ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ အနုပညာလမ်းကြောင်းပေါ်ကို တေးသီချင်းတွေသီဆိုရင်း ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း လျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ပညာရေးမှာလည်းထက်မြက်တဲ့ ဆရာဝန်မလေးချစ်သုဝေက စိတ်ထားဖြူစင်ပြီး အေးချမ်းစွာနေတတ်လို့ ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ချစ်သုဝေက အဆိုတော်လင်းလင်းနဲ့ အိမ်ထောင်ပြုလိုက်ပြီး နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးလေးပဲ ဖြစ်ပါတယ်။

သူတိုဇနီးမောင်နှံက အနုပညာအလုပ်တွေကို တက်ညီလက်ညီနဲ့ နှစ်ယောက်သား တိုင်တိုင်ပင်ပင် လုပ်ဆောင်ကြပါတယ်။အခုဆိုရင် ချစ်စရာကောင်းတဲ့ အမွှာသမီးလေးနှစ်ယောက်ကိုလည်း မွေးဖွားထားပြီး ပြီးပြည့်စုံတဲ့ မိသားစုလေးပဲဖြစ်ပါတယ်နော်။သမီးလေးနှစ်ယောက်ရဲ့နာမည်ကို မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ ပေးထားပြီး ခေတ်နဲ့သစ်လို့ ချစ်စနိုးလေးနဲ့ခေါ်ကြပါတယ်။အရမ်းကိုချစ်စရာကောင် ဉာဏ်ကောင်းတဲ့ကလေးလေးတွေက တီတီတာတာ စကားလေးတွေကိုလည်း ဆိုတတ်နေပါပြီနော်။

အခုဆိုရင် ခေတ်နဲ့သစ်လေး ဟာ ၂နှစ်ပြည့်သွာပြီဖြစ်လို့ သူတို့ရဲ့မွေးနေ့လေးကို အဖိုးဖြစ်သူက သူမတူအောင်ကျင်းပပေးလိုက်ပါတယ်နော်။ပြည်တွင်း ပြည်ပ က ပရိတ်သတ်တွေက သူတို့မိသားစုလေးကိုအရမ်းချစ်ပြီးအားကျနေရတာပါ။မေမေချစ်သုဝေက"ကဲ ၂နှစ်ပြည့်သွားတဲ့သမီးလေးတွေရေ "ဘဝမှာ အကောင်းအဆိုးတွေကို ဘုရားတရားအဆုံးအမနဲ့ ဉာဏ်ပညာယှဉ်ကာ ဖြတ်ကျော်နိုင်တဲ့ ကိုယ့်အကျိုးအများအကျိုးမျှတစွာဆောင်ရွင်နိုင်တဲ့ သူတော်ကောင်းလေးတွေဖြစ်ပါစေလို့ " ဆန္ဒပြုလျှက်"ဆိုပြီး သမီးလေးနှစ်ယောက်ကို ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ်။

Source:Chit Thu Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။