အသက်၃၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်မင်းသား Robert Pattison ကတော့ ခေတ်ရှေ့ပြေးတဲ့ Style နဲ့အတူ Fashion အလန်းစားနဲ့ သောကြာနေ့က Parisမှာ ပြုလုပ်တဲ့ Christian Dior Homme Show ကိုတက်ရာက်ခဲ့ပါတယ်။ သူရဲ့ခုတက်လာတဲ့ပုံစံ fashionဟာဆိုရင်တော့ဖြင့် သူရဲ့ပုံမှန်ဝတ်စားဆင်ယင်တဲ့ fashion မဟုတ်ပဲ fashion အသစ်နဲ့ပွဲကိုတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ သူဝတ်ဆင်ထားတဲ့ပုံစံကတော့ အပေါ်ကနေ အညိုရောင် ကုတ် ကိုဝတ်ကာ အောက်မှာတော့ အညိုရောင် သားရေ jacketကို ဝတ်ဆင်ထားပါတယ်။

ဘောင်ဘီးဟာဆိုရင်လဲ အညိုရောင်ကိုပဲဝတ်ဆင်ထားတာဖြစ်ပြီး ဖိနပ်ဟာဆိုရင်တော့ တောက်ပြောင်နေတဲ့အမဲရောင် ပဲဖြစ်ပါတယ်။ သူ့ကိုကည့်ရတာ အညိုရောင်ကို တော်တော်ကြိုက်တယ်ထင်ပါတယ်။သို့သော် Robert ဟာအသွင်မတူတဲ့ fashionနဲ့ ပွဲကိုတက်ရောက်ခဲ့တယ်ဆိုပေမဲ့လဲ ကိုယ့်ကိုကို ယုံကြည်မှုအပြည့်ရှိခဲ့ပါတယ်။ သူအရင်ကတက်ခဲ့တဲ့ပွဲတွေမှာ ခုလိုမျိုးဝတ်ဆင်တက်ရောက်ခဲ့တာမျိုး မရှိပါဘူး။ တကယ့်ကို Hollywood အကျော်အမော်တစ်ယောက်ပီသပါပေတယ်။ သူကို လူတွေသိတဲ့ကားကတော့ Twilight ပဲဖြစ်ပါတယ်။

သူဟာအဲ့ကားထဲကမင်းသမီးနဲ့လဲ အချိန်အတော်အကြာတွဲခဲ့ပါသေးတယ်။ ခုချိန်မှာတော့ အဲ့မင်းသမီးဟာ သူမဟာ gay တစ်ယောက်ပါဆိုပြီရင်ဖွင့်ပြောပြကာ အချစ်သစ်ဖြစ်တဲ့ သူရဲ့ ဆံပင်ဒီဇိုင်နာနဲ့တွဲနေပါတယ်။ Robert ရဲ့ခုချစ်သူကတော့ Sukiပဲဖြစ်ကာ သူမနဲ့အတူ လမ်းပေါ်မှာ အနမ်းတစ်ခုကို မနှစ်က July မှာ ခြွေခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့အချစ်ကို public ချပြလိုက်တာပဲဖြစ်ပါတယ်။ ခုသူတက်ရောက်တဲ့ပွဲကိုတော့ သူရဲ့ချစ်သူ Sukiမပါပဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ မနှစ်က Agustလမှာ လမ်းခွဲခဲ့ပြီလို့ ကောဟဟာလတွေထွက်နေပါတယ်။ သို့သော်များလဲသူတို့နှစ်ယောက်ဟာ အဲ့အချိန်မှာ တစ်ယောက်လက်တစ်ယောက်ချိတ်ကာ လမ်းလျှောက်နေတာကိုတွေ့ခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။