Super Model တစ်ဦးဖြစ်တဲ့ ခင်ရူပကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ချစ်သူနဲ့ လက်ထပ်ထိမ်းမြားလိုက်ပြီ ဖြစ်ပါတယ်။ အမိုက်စား ခန္ဓာကိုယ်အချိုးအစားနဲ့ အလန်းစားဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်တတ်တဲ့ သူမက မနေ့ညက မင်္ဂလာပွဲလေးမှာ မြင်သူတကာငေးလောက်အောင် အလှဆုံး ဖြစ်နေခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ ခင်ရူပက သူမကိုယ်တိုင် သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့သလို ကြွရောက်လာတဲ့ အနုပညာရှင်တွေနဲ့လည်း ပွဲလေးက တကယ့်ကိုစည်ကားသိုက်မြိုက်ခဲ့တာ တွေ့ရပါတယ်။

မော်ဒယ် ခင်ရူပနဲ့ စည်သူအောင်တို့ရဲ့ မင်္ဂလာညစာစားပွဲကိုတော့ ရန်ကုန်မြို့၊ Novotel Hotel မှာ ခမ်းနားစွာ ကျင်းပခဲ့တာ ဖြစ်ပါတယ် ။ မကြာသေးခင်ကလည်း သူတို့ဇနီးမောင်နှံ က မင်္ဂလာလက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူပွဲလေးတွေကို ပြုလုပ်ခဲ့ပါသေးတယ်။ မနေ့ညက ပွဲလေးကို တက်ရောက်ခဲ့တဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကလည်း တစ်ယောက်တစ်မျိုးစီ ထင်ပေါ်လှပနေတာ တွေ့ရပါတယ်။

ခင်ရူပရဲ့ မင်္ဂလာပွဲလေးကိုတော့ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့စုံတွဲ၊ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံ၊ နေခြည်ဦး၊ ဝါဆိုမိုးဦး၊ စံရတီမိုးမြင့် ၊ ယုသန္တာတင်၊ M ဆိုင်းလုနဲ့ အခြားဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေများစွာ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ် ။ အမိုက်စားပွဲတက်ဖက်ရှင်တွေနဲ့ အလှဆုံးဖြစ်နေတဲ့ အနုပညာရှင်တွေရဲ့ပုံရိပ်တွေကလည်း ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မော်ဒယ် ခင်ရူပရဲ့ မင်္ဂလာပွဲလေးကို ကြွရောက်ချီးမြှင့်ခဲ့ကြတဲ့ ပြည်သူချစ်အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Warsomoeoo,thandarbo,naychioo & khinyupa;

Photo Credit; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။