ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ပရိတ်သတ်တွေအများကြီးရဲ့ အားပေးခြင်းကို ခံရတဲ့ အနုပညာတစ်ယောက်ပဲဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ရဲ့ အိမ်နာမည် အူဝဲကို ပရိတ်သတ်တွေကလည်း ချစ်စနိုးနဲ့ အူဝဲလို့ လိုက်ခေါ်ကြပါတယ်။

အူဝဲက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားပြေတီဦးနဲ့ မေတ္တာမျှကြပြီး နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်ကြပါတယ်။သူတို့နှစ်ယောက်အိမ်ထောင်ပြုကြတော့ ပရိတ်သတ်တွေက သဘောတူလွန်းလို့ အရမ်းကို အားပေးခဲ့ပါသေးတယ်နော်။သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးလေးက သာယာပျော်ရွှင်ပြီး အေးချမ်းတဲ့ အိမ်ထောင်ရေးလေးဖြစ်ပါတယ်။အခုဆိုရင် သူတို့နှစ်ယောက်က သားလေးနဲ့သမီးလေးကို မွေးဖွားထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးပါ။

သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကိုအရင်ကထက်ပိုကြိုးစားခဲ့ကြလို့ အကယ်ဒမီဆုတွေကိုလည်း ဇနီးမောင်နှံနှစ်ယောက်လုံးက ဆွတ်ခူးရရှိခဲ့ကြပါတယ်နော်။အခုဆိုရင် အိန္ဒြာကျော်ဇင်က ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ဂျင်ပါတီဇာတ်ကားကြီးကို ပါဝင်သရုပ်ဆောင်နေပါတယ်။မနေ့ညကတော့ နောက်ဆုံးဇာတ်ဝင်ခန်းကို အဖြူရောင်သတို့သမီးလေးပုံစံနဲ့ ဇာတ်သိမ်းပိုင်းလေးကို ရိုက်ခဲ့ပါတယ်နော်။

Source:Eaindra Kyaw Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။