ပရိတ်သတ်ကြီးရေ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရတနာမိုင်ကတော့ အမေ့ဆီက အနုပညာအမွေကိုလက်ဆင့်ကမ်းသယ်ဆောင်လာတဲ့သမီးဖြစ်လို့ အနုပညာလောကမှာ လျှောက်လှမ်းနေတဲ့ တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ရတနာမိုင်က တေးသီချင်းများစွာကို သူမရဲ့အသံချိုချိုလေးနဲ့ ပရိတ်သတ်တွေရဲ့ရင်ထဲကို ရောက်အောင်သီဆိုနိုင်သူဖြစ်လို့ အဆိုတော်တစ်ယောက်ဆိုပြီး ပရိတ်သတ်တွေကနေရာပေးလာတာဖြစ်ပါတယ်။ရတနာမိုင်က အရင်ကတည်းက ပရိတ်သတ်တွေရဲ့ရင်ထဲမှာနေရာယူခဲ့သူလေးဖြစ်ပါတယ်။

ရတနာမိုင်ရဲ့ ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ အပြောအဆိုလေးတွေကလည်း တစ်မျိုးချစ်စရာကောင်းပါတယ်နော်။စိတ်သဘောထားဖြူစင်ပြီးကိုယ်ကျင့်တရားကောင်းမွန်သူတစ်ယောက်ဖြစ်လို့ အပေါင်းအသင်းမိတ်ဆွေတွေကတော့ များပါတယ်။ရတနာမိုင်က အမေကိုသိတတ်တဲ့ သမီးလိမ္မာတစ်ယောက်လည်းဖြစ်ပါတယ်။ဘယ်ပွဲကိုတက်တက် အမေနဲ့နှစ်ယောက်တူတူလက်တွဲပြီးတက်ရောက်နေတဲ့ အပျိုကြီးမမတစ်ယောက်ပါ။အမေ့ရဲ့သီချင်းတွေကိုလည်လက်ဆင့်ကမ်းသီဆိုပြီး အမေနဲ့နှစ်ယောက်တူတူ သီဆိုထားတဲ့သီချင်းတွေလည်းရှိပါတယ်

ရတနာမိုင်က အခုနောက်ပိုင်းမှာ showပွဲတွေမှာ လိုက်လံဖျော်ဖြေရင်း အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်နေပါတယ်။သူမက ပရိတ်သတ်တွေအတွက်အမြဲတမ်းအသစ်အသစ်တွေကိုပဲပေးချင်လို့ သီချင်းအသစ်တွေကိုလည်း ဆက်လက်သီဆိုနေပါတယ်။ရတနာမိုင်က အလုပ်ချည်းပဲလုပ်နေတာမဟုတ်ဘဲ သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင်နေတတ်ပါသေးတယ်။အခုဆိုရင်လည်း သူငယ်ချင်းဂျူဂျူးကေရဲ့ မင်္ဂလာပွဲလေးမှာ မင်္ဂလာပန်းကြဲလေးအဖြစ် အဖြူရောင်ဝတ်စုံလေးကိုဝတ်ပြီး ပါဝင်ကူညီအားဖြည့်ထားပါသေးတယ်နော်။

Source:Yadanar My

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။