ပရိသတ်အချစ်တော် အနုပညာရှင်တစ်စုကတော့ လက်ရှိမှာ ငပလီကမ်းခြေကို အပန်းဖြေခရီးထွက်နေတာ တွေ့ရပါတယ်။ '' Let's go '' လို့အမည်ပေးထားတဲ့ သူတို့အဖွဲ့လေးရဲ့ ငပလီခရီးစဉ်လေးမှာတော့ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ တိုင်ရွန် ၊ နန်းမြတ်ဖြိုးသင်း၊ Bobby Soxer ၊မိုးစက်ဝိုင်၊ နန်းသူဇာနဲ့ အခြားအဖွဲ့သားတွေ ပါဝင်ကြတာ ဖြစ်ပါတယ် ။ ပျော်ပျော်ပါးပါးနဲ့ ခရီးတွေထွက်လေ့ရှိတဲ့ သူတို့အဖွဲ့လေးက အခုလည်း မမေ့နိုင်စရာ အမှတ်တရလေးတွေကို ဖန်တီးခဲ့ကြပါတယ်။

လူစုံတက်စုံနဲ့ ပျော်ရွှင်နေတဲ့ '' Let's go '' Team လေးက အခုလည်း အလန်းစားဖက်ရှင်လေးတွေကို ဆင်တူဝတ်ဆင်ပြီး အပြတ်အသတ်ကို ဂေါ်နေတာ တွေ့ရပါတယ်။ သူတို့အဖွဲ့လေးက အပြန်ခရီးစဉ်လေးမှာတော့ '' Xtreme Fashion '' ရဲ့ Panda အကျၤီလေးတွေနဲ့ ဓာတ်ဖမ်းခဲ့ကြတာ ဖြစ်ပါတယ် ။ ယောက်ျားလေးတွေက အဖြူရောင် Panda လေးတွေနဲ့ အထာကျနေသလို မိန်းကလေးတွေကလည်း ပန်းရောင် Panda လေးတွေနဲ့ ချစ်စရာကောင်းနေပြန်ပါတယ်။

ဒါ့အပြင် စုံတွဲလေးတွေဖြစ်ကြတဲ့ လွှမ်းပိုင်နဲ့ ထက်ထက် ၊ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ ၊ နန်းမြတ်ဖြိုးသင်းနဲ့ ခင်ပွန်းတို့ကလည်း ကြည်နူးစရာ စုံတွဲပုံလေးတွေကို ဖန်တီးခဲ့ကြပါတယ်။ အလန်းစား ဖက်ရှင်အသစ်တွေနဲ့ လုံးဝကို အမိုက်စားဖြစ်နေတဲ့ သူတို့အနုပညာရှင်အဖွဲ့လေးကတော့ ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ''Let's Go '' Team ရဲ့ ငပလီခရီးစဉ်က အမှတ်တရပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Wai Min Maung; 

Photo credit; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။