မအေးသောင်းဟာဆိုရင် တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပြီး ယနေ့တိုင် အောင်မြင်မှုရရှိနေတဲ့သူလည်းဖြစ်ပါတယ်။ မြန်မာဝတ်စုံတွေကိုစွဲစွဲမြဲမြဲဝတ်တက်တဲ့သူမဟာ အမြဲကိုရိုးရိုးယဉ်ယဉ်လေးနဲ့လှပနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကို ရယူပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ 

မအေးသောင်းလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးအေးဝတ်ရည်သောင်းဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သဘာဝကျကျ သရုပ်ဆောင်ပီပြင်စွာ ပါဝင်ရိုက်ကူးခဲ့တာကို ပရိသတ်ကြီးအနေနဲ့ ရင်သက်ရှုမောဖွယ် တွေ့မြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။ သူမဟာဆိုရင် မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်းပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ရင်ခွင်ရှင်းတမ်း ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမရဲ့သရုပ်ဆောင်ချက်တွေကို ပရိသတ်ကြီးအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်မျှော်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ 

အပျိုကြီးမအေးသောင်းဟာဆိုရင် ခုခေတ် မိန်းမပျိုလေးတွေနဲ့ အပြိုင်နုပျိုလှပနေဆဲဖြစ်ပါတယ်။ ဘာသာရေးကိုင်းရှိုင်းတာဖြစ်ပြီး လူတိုင်းအပေါ်စေတနာထားတဲ့သူမရဲ့ စိတ်ထားအလှက သူမရဲ့မျက်နှာပြင်ပေါ်မှာအမြဲပေါ်လွင်နေတာဖြစ်ပါတယ်။ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတဲ့သူမကတော့ အနုပညာလှုပ်ရှားမှုတွေကို မညဉ်းမညူမပင်ပန်းဘဲ ပရိသတ်ကြီးအတွက် ကြိုးစားပြီး လုပ်ကိုင်ပေးနေတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ လူမှုကွန်ယက် facebook စာမျက်နှာပေါ်တွင် "အားရပါးရသာရီပါချစ်သူ မျက်စိလေးတွေက ပါးဖာင်းဖာင်းလေးနှစ်ဖက်ကြားထဲမှာ ပိတ်ပြီးပျောက်နေတာကိုက ကလေးတယောက်လို ချစ်စရာကောင်းနေတာ။ Ps: Remax နားကြပ်နဲ့ အမိုက်စား Remax ပါဝါဘန့်တောင်းလျှင် မပေးပါ။" လို့ဆိုတဲ့ ကြော်ငြာ status လေးကို သူမရဲ့ အလှပုံရိပ်တွေနဲ့တကွ ချစ်ဖို့ကောင်းအောင်ဖော်ပြပေးထားတာဖြစ်ပြီး myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။  

source Aye Thaung  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။