အမျိုးသားဇာတ်ဆောင်ဆုအတွက်ကြေညာကာနီးအချိန်မှာ ဆန်ကာတင်စာရင်းဝင်တဲ့ ထွန်းထွန်း ၊ စိုင်းစိုင်း နဲ့ မြင့်မြတ်တို့ကို ကင်မရာကရိုက်ပြတဲ့အချိန်မှာထွန်းထွန်းနားမှာ ပန်းကုံးကိုင်ပြီးစောင့်နေတဲ့ နေမင်းတို့အဖွဲ့ကိုတွေ့လိုက်ရပါတယ် ။ ကြေညာတာနဲ့ပန်းကုံးစွပ်ဖို့ အသင့်ပြင်နေတာပါ ။ နောက်ထပ်သတိထားမိတာကတော့ From Bangkok to Mandalay ကားက ထိုင်းမင်းသမီးလေးပါပဲ ... ထွန်းထွန်းစိတ်လှုပ်ရှားနေပုံကိုရော ... မီးထိုးထားတာကိုရော ... ပန်းကုံးစွပ်ဖို့စောင့်နေတဲ့သူကိုပါ စိတ်ဝင်တစားကြည့်ရှုနေခဲ့တာပါ ... သူ့ဘေးကထိုင်နေတဲ့စိုင်းစိုင်းကတော့ ဆန်ကာတင်စာရင်းမှာပါဝင်ပေမယ့် အေးအေးဆေးဆေးပါပဲ ... ဟိုဘက်လှည့်စကားပြောနေခဲ့ပါတယ် ။ 

ထိုင်းမင်းသမီးလေးကတော့ ထွန်းထွန်းကိုပဲသေချာကြည့်နေတာကိုသတိထားမိလိုက်ပါတယ် ။ ထိုင်းကဆုပေးပွဲတွေနဲ့မတူတဲ့ပုံစံယဉ်ကျေးမှုတွေကိုလေ့လာနေတာလဲ ဖြစ်နိုင်ပါတယ် ... သဘာဝကျပြီး ရသမျိုးစုံပါဝင်နေတဲ့ ဒီ ဓါတ်ပုံလေးကတော့ အကယ်ဒမီပေးပွဲဓါတ်ပုံတွေထဲ အသက်ဝင်တဲ့ ဓါတ်ပုံလေးတစ်ပုံဖြစ်ပါတယ် ... ။ စိတ်လှုပ်ရှားနေတဲ့ထွန်းထွန်းရော ပန်းကုံးကိုင်ပြီးစောင့်နေတဲ့နေမင်းရော စိတ်ဝင်တစားကြည့်နေတဲ့ ထိုင်းမင်းသမီးလေးရော
ချစ်ဖို့ကောင်းတယ်နော် ! 

Photo Source : Skynet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။