Example အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တဲ့ ထွန်းထွန်းဟာ ကိုယ်တိုင်ရေးသားသောသီချင်းများဖြင့် ဂီတလောကတွင် အောင်မြင်မှုများစွာနဲ့လျှောက်လှမ်းနေသူတစ်ဦးပါ။ အဆိုဘက်တွင်ပါရမီရှိရုံသာမကပဲ ရုပ်ရှင်လောကတွင်လည်း အောင်မြင်တဲ့အကယ်ဒမီ သရုပ်ဆောင်မင်းသား ထွန်းထွန်းအဖြစ်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ 

ထွန်းထွန်းဟာ တေးသီချင်းကောင်းလေးတွေနဲ့ ပရိတ်သတ်တွေရင်ထဲရောက်ရှိခဲ့သလို ကျရာဇာတ်ရုပ်ကို ပီပြင်ကျွမ်းကျင်စွာ သရုပ်ဆောင်မှုတို့ကြောင့်လည်း မိန်းကလေးပရိတ်သတ်တွေရဲ့ အခိုင်အမာဝန်းရံမှုတို့ကို ရရှိထားသူပါ။ လက်ရှိအနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ရုပ်ရှင်ဇာတ်ကားကြီးများ ဆက်တိုက်ရိုက်ကူးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူပါဝင်သရုပ်ဆောင်ထားတဲ့ “ လေးပါးကျော့ရှိန် ဝရဇိန် ” ၊ “ ကြာတော့သည်လည်း မောင့်စကား ” ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားလည်း ဒီလထဲမှာ ရုံတင်မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားတွေထဲမှာ မတူညီတဲ့သရုပ်ဆောင်ချက်တွေနဲ့ ပါဝင်သရုပ်ဆောင်ထားတာကိုလည်း ပရိတ်သတ်ကြီးတွေ့မြင်နိုင်မှာလည်း ဖြစ်ပါတယ်။ 

ထွန်းထွန်းဟာ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် မကြာခင်မှာရုံတင်တော့မည့် “ လေးပါးကျော့ရှိန် ဝရဇိန် ” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးစဉ်က ရိုက်ကူးရေးအမှတ်တရဗီဒီယို ဖိုင်လေးများကို ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း ဒီအမှတ်တရဗီဒီယိုဖိုင်လေးကို ကြည့်ရှုုပြီး ဒီဇာတ်ကားကြီးရုံတင်ရင်လည်း သွားရောက်အားပေးကြပါဦးနော်။

Source - Htin Aun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။