ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချော မိုးယုစံကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို ချစ်စရာကောင်းလွန်းတဲ့ သားချောလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ဖြတ်သန်းနေသူပါ..။

အောင်မြင်တဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်သလို သဘင်အငြိမ့်မှာလည်း ကကြိုးကကွယ်တွေနဲ့ အငြိမ့်မင်းသမီးအဖြစ် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင် မင်းသမီးချောတစ်ဦးဆိုလည်း မမှားပါဘူး..

မိုးယုစံဟာ လတ်တလောမှာ အနုပညာအလုပ်တွေကို နည်းပါးသွားပေမယ့် သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေနဲ့ သားလေးအပြင် မိသားစုမှုပုံရိပ်လေးတွေကိုပါ ပရိသတ်တွေကို သူမရဲ့ဖေ့စ်ဘွတ်ကနေ တင်ပေးလေ့ရှိသူလေးလညး ဖြစ်ပါတယ်..။

လတ်တလောမှာလည်း သားလေးရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးတစ်ခုကိုတင်ပြီး မေမေ့ရဲ့ အင်္ကျီုကြည့်ပြီး အူတတ်အောင်ရယ်မောနေပြီး အသည်းယားစရာကောင်းနေတဲ့ သားလေးရဲ့ ငယ်ငယ်က ဗီဒီယိုဖိုင်လေးကို ပြန်တင်ပေးလိုက်တာပါ..။

မိုးယုစံရဲ့ ချစ်စရာကောင်းတဲ့ သားလေးကောင်းသိင်္ခမိုးသူလေးကတော့ မိသားစုတွေရဲ့ အချစ်တွေအပြင် ပြည်သူပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ပြည်သူ့အသည်းကျော်လေးတွေထဲက တစ်ဦးပါပဲ..။

လတ်တလောမှာတော့ Myanmarload မှ ချစ်ပရိသတ်တွေအတွက် မေမေ့အင်္ကျီကို ကြည့်ပြီး အူတတ်အောင် ခွီနေတဲ့ သားသားလေးရဲ့ အသည်းယားစရာ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ထပ်မံပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - မိုးယုစံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။