ရှင်ယွန်းမြတ် ကတော့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကိုအမြဲဖမ်းစားလေ့ရှိတဲ့ ရှင်ယွန်းမြတ်ကိုတော့ပရိသတ်တွေသိရှိပြီးဖြစ်မယ်ထင်ပါတယ်။ချစ်စရာအပြုံးပိုင်ရှင်လေးဖြစ်သလို အမြဲစမက်ကျကျဖက်ရှင်လေးတွေနဲ့ ပရိသတ်တွေအသည်းကို ခြွေချတက်သူလေးမို့ ပရိသတ်တွေသတိထားမိလာသူလေးလဲဖြစ်ပါတယ်။

သူမကတော့ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ကနေ စတင်ဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်ပြီးနောက်ပိုင်းမှာတော့ သူမရဲ့ ကြိုးစားမှုတွေကြောင့် သရုပ်ဆောင်အလုပ်တွေနဲ့ ဇာတ်ကားတွေမှာပါပါဝင်သရုပ်ဆောင်လာတာကိုတွေ့ မြင်ရပါတယ်။ပရိသတ်ဝန်းရံမှုနဲ့အားပေးမှုတွေလည်းများစွာ ရှိနေတာကိုတွေ့မြင်ရပါတယ်။

ယနေ့မှာတော့ ရှင်ယွန်းမြတ်တစ်ယောက် ငယ်ဘဝပုံရိပ်လေးကိုချပြလိုက်ပြီး ၁၂နှစ်တာကာလအတွင်း ပရိသတ်တွေ မမှတ်မိလောက်အောင်ပင် ပြောင်းလဲသွားခဲ့ပါတယ်။ ၂၀၀၇တုန်းက ပုံရိပ်လေးနဲ့ ယခု၂၀၁၉ရဲ့ ပုံရိပ်လေးကို ယှဉ်တွဲပြီး ချပြလာတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ရှင်ယွန်းမြတ်ရဲ့ ငယ်ဘဝပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

source: ရှင်ယွန်းမြတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။