မြန်မာနိုင်ငံရဲ့ အနုပညာပွဲတွေ တော်တော်များများကို အကောင်းဆုံး စီစဉ်ကာ အစီအစဉ်တင်ဆက်သူ တစ်ဦးအဖြစ် တစ်ဖက်တစ်လှမ်းကနေ အနုပညာအလုပ်တွေကို ကြိုးစားနေတဲ့ ဆန်းထွဋ်ကို ပရိသတ်များ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အစီအစဉ်တင်ဆက်သူ Presenter တစ်ယောက်လည်းဖြစ်တဲ့ ဆန်းထွဋ် ဟာလက်ရှိမှာ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးနဲ့အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးမိသားစုလေးနဲ့အတူ ချစ်စရာအရမ်းကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သမီးချောလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့Presenter တစ်ယောက်အနေနဲ့ ဆန်းထွဋ် ဟာ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ အမေရိကန်ဗစ်ရှင်း မျက်မှန်ဆိုင်သစ် ဖွင့်ပွဲကို တက်ရောက်ကာ ပွဲစီစဉ်သူ Presenter တစ်ယောက် အနေနဲ့ ပါဝင်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

ဆိုင်ဖွင့်ပွဲမှာ ပုရိသတွေရဲ့သည်းသည်းလှုပ် မဒီသုံးယောက်ဖြစ်တဲ့ Sexy မော်ဒယ်လ် လုလုအောင် ၊ Sexy မော်ဒယ်လ်/မင်းသမီး သင်ဇာဝင့်ကျော် နဲ့ အလှမယ်/မော်ဒယ်လ် ရွှေအိမ်စည်တို့ အချောအလှသုံးယောက် နဲ့အတူ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဆိုင်ဖွင့်ပွဲလေးကို ပြီးစီးအောင် အကောင်းဆုံး ပါဝင်ဖွင့်လှစ်ပေးခဲ့ကြတာဖြစ်ပါတယ်။ လိုက်မမှီလောက်အောင် အပြိုင်အဆိုင်လန်းနေကြတဲ့ မဒီသုံးယောက်နဲ့ အတူ မချော သုံးယောက်၊ ကိုယ်တစ်ယောက် အပြိုင်ပို့စ်ပေးခဲ့ကြတဲ့ သူတို့လေးတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Sann Htut

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။