အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ယနေ့ထိတိုင်ရရှိထားတဲ့ သူတစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးနဲ့ အတူ သာယာအေးချမ်းတဲ့ အချိန်လေးတွေကို ဖြတ်သန်းနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

လက်တလောမှာတော့ အနုပညာအလုပ်တွေကို တက်နိုင်တဲ့ ဘက်ကနေ အကောင်းဆုံး လုပ်ကိုင်လျက်ရှိတဲ့ အပြင် သူမရဲ့ ကိုယ်ပိုင်ဆိုင်လေးဖြစ်တဲ့ Vape ဆိုင်လေးကိုလည်း ဦးစီးလုပ်ကိုင်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ပရိသတ်တွေချစ်တဲ့ ဆုပန်ထွာ ကို အရမ်းချစ်ပြီး ဂရုစိုက်ပေးတတ်တဲ့ ခင်ပွန်းကောင်းဖြစ်တဲ့ ကိုဥက္ကာကျော်ကို ပိုင်ဆိုင်ရရှိထားတာကြောင့် အားကျရတဲ့ မိသားစုလေးအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။

လက်ရှိမှာ သရုပ်ဆောင်ပိုင်းအပြင် အဆိုပိုင်းကိုပါ လုပ်ကိုင်နေတဲ့ ဆုပန်က သူမနဲ့ အဆိုတော် ဖိုးကာတို့ရဲ့ သီချင်းလေးဖြစ်တဲ့ အတူဆုံမယ်ဆိုရင် ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေ နားဆင်ခံစားရမှာဖြစ်ပါတယ်။ အဆိုပါ သီချင်းလေးမှာ ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော် ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး ချစ်ဇနီးချောလေးကို ဘယ်လောက်ချစ်ကြောင်း သက်သေပြခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အတွက်လည်း " အတူဆုံမယ် ဆိုရင် " ဆိုတဲ့ သီချင်း ဗီဒီယိုလေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။

Source: Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။