ပရိတ်သတ်ကြီးရေ... ကလေးရုပ်လေးတောင်မပျောက်သေးဘဲ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ပရိတ်သတ်အချစ်တော်လေး ယွန်းယွန်းဟာဆိုရင် ဇန်နဝါရီလ ၁၈ရက်နေ့မှာ အသက် (၁၉)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်နော်။ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်လည်းအရမ်းကောင်းပြီး ပရိတ်သတ်ကိုပါမျက်ရည်ကျလာအောင်ထိ အိုက်တင်တွေကလည်းထိမိလွန်းတာကြောင့် ပရိတ်သတ်တွေ အချစ်ပိုခဲ့ရပါတယ်နော်။

အရင် ကလေးသရုပ်ဆောင်ဘဝမှာကတည်းက ဆံပင်ရှည်ကြီးနဲ့ တွေ့သမျှလူတိုင်းရဲ့ အချစ်ကိုခံခဲ့ရတဲ့ မင်းသမီးလေးပါပဲနော်။ သူမဟာ တဖြည်းဖြည်းနဲ့ ပရိတ်သတ်တွေရဲ့မျက်စိရှေ့မှာတင်အရွယ်ရောက်လာပြီး အခုဆိုရင် အပျိုကြီးဖားဖားကိုဖြစ်နေခဲ့ပါပြီနော်။ ကျောင်းတစ်ဖက်နဲ့အနုပညာအလုပ်တွေကိုလုပ်နေတဲ့ သူတစ်ယောက်ဖြစ်ပေမယ့်လည်း ပညာရေးဘက်မှာကော အနုပညာဘက်မှာကော အရမ်းကိုထူးချွန်တဲ့ ကောင်မလေးတစ်ယောက်ပါပဲ။

ယွန်းယွန်းလေးဟာ အခုသူမပြည့်ခဲ့တဲ့ (၁၉)နှစ်ပြည့်မွေးနေ့လေးမှာ အလှူအတန်းလေးတွေလုပ်ပြီး ကုသိုလ်ယူခဲ့ပါတယ်နော်။ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကုသဆောင်မှာ ညနေစာကို ဖေဖေ မေမေတို့နဲ့အတူ မိသားစုအလှူလေးလုပ်ပြီး လှူဒါန်းခဲ့ပါတယ်နော်။သူမဟာလက်ဆောင်လေးတွေလည်း မွေးနေ့မှာအများကြီးရရှိခဲ့တဲ့အတွက်ကျေးဇူးတင်စကားကိုလည်းဆိုထားပါသေးတယ်။ကဲ..ဒီနှစ်မွေးနေ့မှာတော့ သူမဟာသူမချစ်ရတဲ့ မိသားစုတွေ ပရိတ်သတ်တွေ သူငယ်ချင်းတွေနဲ့ အတူပျော်ပျော်ရွှင်ရွှင်လေးနဲ့ပဲ ဖြတ်သန်းခဲ့ပါတယ် ပရိတ်သတ်ကြီးရေ... 

Source : Yoon Yoon

Photo Crd: HSU photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။