အဆိုတော် ဟဲလေး၊ နိုင်းဝမ်း၊ အိမ့်ချစ်၊ စစ်သွေး တို့အပြင် မော်ဒယ်သရုပ်ဆောင် ဇေယျနဲ့ ခင်မင်ရသူတွေဟာ မန္တလေးက X-Ray Bar & Lounge မှာ အပြတ်တွေပျော်ခဲ့ကဲခဲ့ကြတာပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့အချိန်းလေးတွေကို အတူတူဖြတ်သန်းရင်းပျော်နေကြပုံလေးတွေက တကယ်ကိုကြည်နူးစရာပါပဲ။ ဝါသနာတူ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းချင်းတွေကလည်း မကွာခြားပဲ တစ်ယောက်နဲ့တစ်ယောက် ရိုးသားပွင့်လင်းစွာနဲ့ ပျော်နေတဲ့ပုံလေးတွေက မြင်သူတိုင်းကို အပျော်တွေကူးစက်စေပါတယ်။

အောင်မြင်နေကြတဲ့ အနုပညာရှင် ဂီတပညာရှင်တွေဖြစ်ကြပြီး ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။ အမိုက်စားသံစဉ်တွေကို ဖန်တီးတတ်ကြသူတွေလည်းဖြစ်ပါတယ်။ အမြဲလိုလို ဖျော်ဖြေရေးခရီးစဉ်တွေကို အတူတူသွားရောက်တတ်ကြပြီး ကိုယ်ပိုင်တေးစီးရီးတွေလည်း ထုတ်ထားကြပါသေးတယ်။ အားလုံးရဲ့အပျော်ပုံရိပ်လေးတွေက တကယ်ကို ခံစားချက်တွေကူးစက်စေပါတယ်။

အပျော်တွေပြည့်နေတဲ့ ပုံရိပ်လေးတွေကို အဆိုတော်ဟဲလေးတစ်ယောက် " ပျော်မှည့် " ဆိုပြီး ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အားလုံးအတူတူ ပျော်ရွှင်နေကြတဲ့ အမိုက်စားပုံရိပ်လေးတွေက တကယ်ကိုပျော်စရာကောင်းတာမို့ ပရိသတ်ကြီးကိုလည်း ပြန်လည်တင်ဆက်ပေးလိုက်တယ်နော်။

Photo - Naing Lin Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။