ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးတို့ ညီအစ်ကိုနှစ်ယောက်ကတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို စတင်ရရှိထားတဲ့ ကလေးသရုပ်ဆောင် အမွှာညီအစ်ကိုတွေပဲ ဖြစ်ပါတယ်..။

ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာပဲ ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြပြီး လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကြတာလည်း တွေ့ရပါတယ်..။

အနုပညာလှုပ်ရှားမှုလေးတွေကို ပြန်လည်မျှဝေလေ့ရှိတဲ့ ပရိသတ်တွေရဲ့ အချစ်တော် ညီအစ်ကိုနှစ်ယောက်ကတော့ လတ်တလောမှာလည်း Tik Tok ဆော့ကစားထားတဲ့ ဗီဒီယိုလေးကိုလည်း မျှဝေထားပါသေးတယ်..။

သရုပ်ဆောင်ပီပြင်မှုတွေနဲ့ ညီအစ်ကိုနှစ်ယောက်အတူ ချစ်စရာကောင်းစွာ အမိုက်စားဆော့ကစားထားတဲ့ သူတို့လေးတွေရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေ သဘောကျနေကြတာ တွေ့ရပါတယ်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ပရိသတ်တွေရဲ့ အသည်းကျော်လေး နှစ်ယောက်ကတော့ အခမ်းအနားပွဲတွေ တော်တော်များများကိုလည်း တက်ရောက်ဖြစ်နေသလို ကြော်ငြာတွေလည်း ရိုက်ကူးနေကြတာ တွေ့ရပါတယ်..။

လတ်တလောမှာတော့ ချစ်စရာကောင်းလွန်းတဲ့ အချစ်တော်လေး ဇွဲညီအစ်ကိုနှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း Mynmarload မှ ချစ်ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - Zwe Waiyan Htet & Zwe Waiyan Htoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။