ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင်မင်းသမီးချောလေးဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ သားဦးလေးကိုယ်ဝန်ကို လွယ်ထားရတာဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့တွဲဖက်သီဆိုထားတဲ့ Friend သီချင်းခွေဟာဆိုရင်လည်းအခုချိန်ထိရေပန်းစားနေတာပဲဖြစ်ပါတယ်။ အိမ်ထောက်ကျသွားပြီဖြစ်ပင်မဲ့ သူမကိုအားပေးတဲ့ ပရိသတ်တွေကအများအပြားကျန်ရှိနေတာပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်ဖို့ကောင်းတဲ့ အသံအနေအထားနဲ့ ဆိုပုံဆိုဟန်လေးတွေကလည်း ပရိသတ်တွေရဲ့ ရင်ထဲမှာအခုထက်ထိ စွဲကျန်ထင်ရစ်စေခဲ့တာပဲဖြစ်ပါတယ်။

မကြာခင်မှာမိခင်တစ်ယောက်ဖြစ်လာတော့မဲ့ နန်းမြတ်ဖြိုးသင်းကတော့အရမ်းကိုပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေတောင်အားကျနေရတဲ့ နန်းမြတ်တို့ရဲ့ အိမ်ထောင်ရေးဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေအပြည့်နဲ့တည်ဆောက်ထားတာဖြစ်ပြီး သားသားလေးမီးမီးလေးတို့နဲ့ပျော်ရွှင်စရာ မိသားစုဘဝကိုဖြတ်သန်းကြတော့မှာ ဖြစ်ပါတယ်နော်။ သူမရဲ့ အမျိုးသားဟာဆိုရင်လည်းသူမကို အရမ်းဂရုစိုက်ချစ်ခင်တာဖြစ်ပြီး အရိပ်တကြည့်ကြည့်နဲ့ အမြဲဂရုစိုက်နေတက်သူတစ်ယောက်ဖြစ်ပါတယ်။

အဆိုတော်လောကမှာတင်အောင်မြင်တာမဟုတ်ပဲ သရုပ်ဆောင်လောကမှာပါအောင်မြင်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရလေအောင်နေ့စဉ်လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီဖော်ပြပေးနေတာပဲဖြစ်ပါတယ်။ ဘာသာတရားကိုင်းရှိုင်းတဲ့သူမကတော့ သားလေးကိုယ်ဝန်ကိုလွယ်ထားလျက်နဲ့ပင် ဝိပဿနာတရားစခန်းမှာ တရားသွားအားထုတ်တာကိုကြည့်ခြင်းဖြင့် လေးစားဂုဏ်ယူထိုက်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ လူလောကကြီးထဲရောက်လာတော့မယ် နန်းမြတ်သားလေးကတော့ အမေတူသားလေးဖြစ်ပြီး အရမ်းကိုလိမ္မာမှာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ....။ အခုတစ်ခါမှာဆိုရင်တော့ သူမရဲ့ official facebook acc တွင် ဗိုက်ဖုံးအင်္ကျီအတွက်ကျေးဇူတင်စကားဆိုထားတဲ့ status လေးကို "ဗိုက်စရှိတယ်ဆိုကတည်းကဗိုက်အတွက်အဝတ်အစားတွေဝယ်ပေးထားတဲ့ချစ်မ Yu Nandar Tun ခုအလုံးအထည်လေးထွက်လာမှဝတ်ရတယ် အရမ်းအဆင်ပြေတယ်မရေကျေးဇူးများကြီးတင်ပါတယ်ရှင်"လို့ဆိုပြီး သူမရဲ့အလှပုံရိပ်လေးနဲ့တကွ ဖော်ပြပေးထားတာကို Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source Nann Myat Phyo Thinn 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။