ထိုင်းနိုင်ငံတောင်ပိုင်းက နေအိမ်တစ်ခုအတွင်းကိုတော့ အလွန်ရှည်လျားတဲ့ တောကြီးမြွေဟောက်တစ်ကောင်တစ်ရောက်ခဲ့ပါတယ်။

၎င်းမြွေကြီးဟာ အလွန်အဆိပ်ပြင်းလှတဲ့ တောကြီးမြွေဟောက်ကြီးဖြစ်တာကြောင့် အိမ်ရှင်တွေဟာ တွေ့တွေ့ချင်းကြောက်လန့်ပြီး ထွက်ပြေးခဲ့ကြရပါတယ်။ 

အိမ်ရှင်တွေကအလန့်တကြားနဲ့ထပြေးတာကြောင့် မြွေကြီးဟာလည်း ကြောက်ကြောက်လန့်လန့်နဲ့ အိမ်ထဲကိုပြေးဝင်ပြီး ပြောက်ကွယ်သွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ အိမ်ရှင်တွေဟာ ဒေသတွင်းက မြွေဖမ်းကျွမ်းကျင်သူတွေကိုအကူအညီတောင်းခဲ့တာကြောင့် ထိုသူတွေဟာ မိနစ် ၂၀ ကျော်လောက် အိမ်အတွင်းမှာ ရှာဖွေဖမ်းဆီးခဲ့ရပါတယ်။

၎င်းဖမ်းဆီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူဟာဆိုရင်လည်း ဒီမြွေကြီးဟာ ကျွန်တော်ဖမ်းပေးခဲ့သမျှ မြွေတွေထဲမှာ အကြီးဆုံးပါပဲ သူ့ရဲ့အလေးချိန်ဟာ ၂၀ ကီလိုဂရမ်လောက်ရှိတယ် ဆိုပြီးပြောကြားခဲ့ပါသေးတယ်။

ဒီလိုအဆိပ်ပြင်းလှတဲ့ တောကြီးမြွေဟောက်ကြီးကို ဒေသခံတွေအနေနဲ့ မကြောက်မရွံ့ဘဲ ဝိုင်းဝန်းကိုင်နေကြတာကြီးက အသည်းယားစရာကောင်းလှပါတယ်။ အခန့်မသင့်လို့ ဒီမြွေကြီးပေါက်တာသာခံလိုက်ရမယ်ဆိုရင် အဲ့ဒီလူရဲ့အသက်ကတော့ တကယ့်ကို မတွေးရဲစရာပါဘဲ။

သို့ပေမယ့် လူတစ်ချို့ကတော့ အဲ့ဒီအိမ်ထဲကို ဒီမြွေကြီးရောက်ရှိလာခဲ့တာဟာ သူတို့ထိုးဖို့အတွက် ထီဂဏန်းလာပေးတာဆိုပြီး အလုအယက်နဲ့ ဂဏန်းရှာဖွေနေကြတယ်လို့သိရပါတယ်။

SOURCE _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။