ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး မိုးယုစံကတော့ အနုပညာလောကမှာ အောင်မြင်နေသလို ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော်လေး တစ်ဦးပါပဲ..။

အနုပညာလောကမှာ အောင်မြင်နေတဲ့ အချစ်တော်လေးသူမကတော့ လတ်တလောမှာလည်း မောင်ချောလေးနဲ့ အင်တာဗျူးတွေ အတူဖြေဆိုပြီး အနုပညာအလုပ်တွေကို အတူလုပ်ဆောင်နေပြီ ဖြစ်ပါတယ်..။

LOSE 2 WIN with Andy ရဲ့ Season 2 မှာ ပြိုင်ပွဲမှာ Winner ဆုကို ရရှိသွားတဲ့ မောင်လေးဖြစ်သူ ဆန်းလင်းထွန်းနဲ့အတူ ရုပ်သံလိုင်း TV အစဉ်အစီတစ်ခုဖြစ်တဲ့ Cele Chit Chat မှာ မောင်နှမနှစ်ယောက်အတူ အင်တာဗျူးဖြေဆိုခဲ့ကြတာ ဖြစ်ပါတယ်..။

အင်တာဗျူးဖြေဆိုရင်း မောင်နှမနှစ်ယောက်အတူပျော်ရွှင်စွာ အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း မိုးယုက ပရိသတ်တွေကို ပြန်လည်မျှဝေပေးထားပါသေးတယ်..။

မိုးယုရဲ့ မောင်ချောလေးဆန်းလင်းထွန်းကတော LOSE 2 WIN with Andy ရဲ့ Season 2 မှာ ပေါင်(၃၀၀)ကျော်ကနေ ပေါင်(၁၅၀)ကျော်အထိ ဝိတ်ချပြီး Winner ဆုကို ရရှိထားသူပဲဖြစ်ပါတယ်..။

လတ်တလောမှာတော့ မိုးယုတို့မောင်နှမနှစ်ယောက်ရဲ့ အလှပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်နော်..။

Photo - မိုးယုစံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။