ပရိတ်သတ်ကြီးရေ... အနုပညာလောကထဲမှာ ပရိတ်သတ်တွေနဲ့ အနုပညာရှင်တွေပေးထားတဲ့ နေရာတစ်နေရာကို ပိုင်ပိုင်နိုင်နိုင် ခိုင်ခိုင်မာမာရရှိထားတဲ့ ဟာသသရုပ်ဆောင်ကေညီကို ပရိတ်သတ်တွေသိကြမှာပါနော်။ ဟာသဇာတ်ရုပ်တွေအပြင် character ပေါင်းစုံ ဘယ်နေရာကနေပဲဖြစ်ဖြစ် သဘာဝကျကျပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။

ဗီဒီယိုဇာတ်ကားတွေ ခေတ်စားခဲ့တဲ့အချိန်လောက်မှာကတည်းက ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်ခြင်းကိုခံခဲ့ရပြီးတော့ အခုနောက်ပိုင်းမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာမှာပါဝင်သရုပ်ဆောင် နေရပြီဖြစ်ပါတယ်။ အရပ်ကပိန်ပိန်ရှည်ရှည် ဆိုပေမယ့် သူရဲ့ဟာသတွေတိုင်းက ပရိတ်တွေကို အူတက်ရယ်မောအောင် ရသမြောက်သရုပ်ဆောင်နိုင်ပါတယ်နော်။

သူဟာ အနုပညာ အလုပ်တွေကိုလုပ်ကိုင်ရင်းနဲ့ သူရဲ့မိခင်ဖြစ်သူကိုတစ်ဖက်တစ်လမ်းကနေကျေးဇူးဆပ်နေသူပါ။ အခုလည်း အမေ့ကိုနေမကောင်းတဲ့အချိန်မှာအရောက်သွားပြီး မိမိရရှိထားတဲ့အနုပညာကြေးလေးတွေနဲ့ကန်တော့ခဲ့ပြန်ပါတယ်။ "ကျွန်တော်အိမ်ထောင်ကျတာ၇နှစ်ကျော်ဆိုတော့ အမေ့ကိုလစဉ်ကန်တော့ဖြစ်တာ ၇နှစ်ကျော်ပြီ သားအတွက်နဲ့အမေစိတ်ချမ်းသာလို့ သားလည်းအမြဲကံကောင်းပါတယ် ဒုက္ခလည်းမရောက်ဘူး ယုံကြည်ပါတယ်အမေ အမေကျန်းမာသက်ရှည်စိတ်ချမ်းသာပါစေနော်..." ဆိုပြီးအမေ့ကို ကျေးဇူးတင်စကားဆိုပြီး ဆုတောင်းပေးထားလိုက်ပါသေးတယ် ပရိတ်သတ်ကြီးရေ...

Source : David K Nyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။