မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်တဲ့အောင်သူကတော့ ဒီနှစ်ဘောလုံးရာသီမှာထိုင်းပရီးမီးယားလိဒ်ထိပ်သီးကလပ် မြောင်တောင်ယူနိုက်တက်မှာပါဝင်ကစားတော့မှာဖြစ်ပါတယ်။သူ့ကိုခေါ်ယူဖို့တစ်ခြားထိပ်သီးအသင်းတွေကြိုးစားခဲ့ပေမယ့်လည်း နောက်ဆုံးမှာမြောင်တောင်ယူနိုက်တက်အသင်းကိုပြောင်းရွေ့ခဲ့တာပါ။အောင်သူကတော့မြောင်တောင်ယူနိုက်တက်အသင်းမှာ လေ့ကျင့်ခန်းအစီစဉ်တွေနဲ့ခြေစမ်းပွဲတွေကိုပါဝင်ကစားနေပြီဖြစ်ပါတယ်။

အောင်သူကတော့အသင်းကိုရောက်ရှိပြီးTrainingMatchမှာဂိုးတစ်ဂိုးသွင်းယူနိုင်တာကြောင့်ထိုင်းပရိသတ်တွေရဲ့ စိတ်ဝင်စား စောင့်ကြည့်ခြင်းကိုခံနေရတာဖြစ်ပါတယ်။ထိုင်းပရီးမီးယားလိဒ်ပြိုင်ပွဲဟာနောက်လမှာယှဉ်ပြိုင်ရမှာဖြစ်တာကြောင့်ခုမှာရာသီကြို ဖိတ်ခေါ်ဖလားပြိုင်ပွဲတွေကိုပါဝင်ကစားနေတာဖြစ်ပါတယ်။မြောင်တောင်အသင်းဟာရာသီကြိုဖိတ်ခေါ်ဖလားပြိုင်ပွဲ၂ပွဲကစားထားပြီး မနေ့ကယှဉ်ပြိုင်တဲ့ဗီယက်နမ်ကလပ်အသင်းနဲ့ပွဲမှာတော့(၁-၃)နဲ့ရှုံးနိမ့်ခဲ့ပါတယ်။

မနေ့ကဗီယက်နမ်ကလပ်အသင်းနဲ့ပွဲစဉ်မှာတော့မြန်မာပရိသတ်အချို့က အောင်သူမြောင်တောင်အသင်းကိုပြောင်းရွေ့ခဲ့တဲ့အပေါ် မေးခွန်း ထုတ်စရာဖြစ်ခဲ့ပါတယ်။အောင်သူဟာမြောင်တောင်အသင်းမှာပွဲထွက်ခွင့်ရပေမယ့်အသင်းရဲ့ကစားသမားတစ်ချို့ကတစ်ကိုယ်တော် ကစားနေတာကိုပရိသတ်တွေကိုမြင်တွေ့ခဲ့ရပါတယ်။အောင်သူဆီဘောလုံးပြန်မရောက်တာကြောင့်ပရိသတ်တွေကအောင်သူအသင်း ပြောင်းရွေ့ခဲ့တဲ့အပေါ်မေးခွန်းထုတ်နေခဲ့တာပါ။ခြေစမ်းပွဲတွေပဲရှိသေးတာကြောင့်ရာသီစတဲ့ပွဲစဉ်တွေမှာရောအောင်သူဘယ်လို ခြေစွမ်းတွေနဲ့ကစားမလဲဆိုတာတော့ပရိသတ်တွေစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

SOURCE:Muangthong Myanmar Fan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။