တစ်ချိန်က အရမ်းကို အောင်မြင်ခဲ့ပြီး အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီဆုပိုင်ရှင် မင်းသမီးချော နန္ဒလှိုင်ဟာ သူမရဲ့ချစ်ခင်ရတဲ့ ချစ်သူနဲ့ အတူ (၂၀၀၈)ခုနှစ်မှာ ရွှေလက်တွဲလက်ထပ်ခဲ့ပြီး လက်ရှိမှာ ချစ်စရာကောင်းပြီး လိမ္မာထက်မြက်တဲ့ သမီးလေး(၃) ယောက် ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ နဲ့ အတူ ဇေကမ္ဘာလုပ်ငန်းစုကို ဦးဆောင်လုပ်ကိုင်နေပြီး ဘာသာရေး၊ သာသနာရေးမှာ သိန်းထောင်ချီအောင် အကုန်ကျခံလို့ လက်မနှေးလောက်အောင် လှူဒါန်းမှုတွေကို ရက်ရက်ရောရောနဲ့ အထူးပြုလုပ်နေဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်ကုန်သည်ကြီးအဖြစ်လည်း Missha Brand ကို တင်သွင်းဖြန့်ချီခဲ့ပြီး မြန်မာနိုင်ငံအနှံ ဖြန့်ဖြူးရောင်းချကာ ကိုယ်စားလှယ်အသီးသီး ပြန်လည်ခန့်အပ်ခဲ့ပြီးနောက်မှာလည်း ကိုယ်စားလှယ်တစ်ဦးချင်းစီတိုင်းဟာ ရက်ပိုင်းအတွင်း သိန်းထောင်ချီအောင် ရောင်းအားထိုးတက်ခဲ့တဲ့ထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ စီးပွားလာဘ်လာဘ တိုးတက်ပြီး အလှူအတန်းရက်ရောတဲ့ နေရာမှာ ထိပ်ဆုံးက ပါဝင်နေတဲ့ အနုပညာရှင်မိသားစုတွေထဲမှာလည်း အပါအဝင်ဖြစ်ပါတယ်။

လက်ရှိမှာတော့ နန္ဒလှိုင်ရဲ့ ခင်ပွန်းဖြစ်သူနဲ့ အတူ ဦးစီးတဲ့ ဇေကမ္ဘာလုပ်ငန်းစုကြီးရဲ့ မိသားစုအလှူကြီးဖြစ်တဲ့ ဝင်းစိန်ဆရာတော်ဘုရားကြီး သက်တော်(၉၀)နှစ်မြောက် မွေးနေ့ပူဇော်ပွဲ၊ ဝင်းစိန်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား သင်္ကန်းတော်လဲလှယ်ပူဇော်ပွဲ၊အတောင်(၄၀၀)ပြည့် လျောင်းတော်မူဘုရားကြီး ဗုဒ္ဓပူဇနိယဘုရားပွဲကြီး နှင့် ဘုရားအဝင်လမ်းအရှည်ပေ(၅၇၀၀)၊ အကျယ်(၂၄)ပေ နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲတို့ကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝင်းစိန်ရတနာတောင်တောရကျောင်းတွင် ကျင်းပပြုလုပ်နေပါတယ်။ ဇေကမ္ဘာမိသားစုရဲ့ ဒီအလှူကြီးမှာ ခင်ပွန်းဖြစ်သူ နဲ့ မောင်ဖြစ်သူ မင်းသား မောင် တို့ကို သာသနာ့ဘောင် သွတ်သွင်းပေးခဲ့ပြီ ချစ်စရာသမီးလေး (၃)ယောက်နဲ့ အတူ ဆရာတော်ဘုရားကြီးနဲ့အတူ ရဟန်းဘဝကူးပြောင်လိုက်ပြီးဖြစ်တဲ့ ခင်ပွန်းနဲ့ မောင်ဖြစ်သူ တို့ကို ရှိခိုးကန်တော့ခဲ့ကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။