ပရိသတ်ကြီးရေ.. မြန်မာသံစဉ်တေးသီချင်း အေးအေး ချိုချိုလေးတွေအပြင် အချစ်သီချင်းတွေနဲ့ ဂီတလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တွေထဲမှာ မနောကလည်း အပါအဝင်ပါပဲ..။

အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျစေမယ့် သီချင်းကောင်းလေးတွေကို ကိုယ်ပိုင်သံစဉ်သီချင်းလေးတွေကို ဖန်တီးပြီး ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိသူလည်း ဖြစ်တာမို့ သူ့ရဲ့တေးသီချင်းတော်တော်များများကလည်း ပရိသတ်တွေကြား ရေပန်းစားနေတာ တွေ့ရပါတယ်..။

ပရိသတ်အကြိုက်တွေ့စေမယ့် သီချင်းကောင်းလေးတွေ ဆက်တိုက်ဖန်တီးနေတဲ့ အဆိုတော် မနောကတော့ လတ်တလောမှာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေအများဆုံး ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချော သင်ဇာဝင့်ကျော်နဲ့အတူ အနုပညာအလုပ်တွေလည်း တွဲဖက်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

အချိုးအစားကျပြီး အမိုက်စားခန္ဓာကောက်ကြောင်းအလှနဲ့ ပုရိသပရိသတ်တွေကို အမြဲရင်ဖိုစေခဲ့တဲ့ မင်းသမီးချောသင်ဇာဝင့်ကျော်နဲ့အတူ စုံတွဲလေးသရုပ်ဆောင်ပြီး ကြော်ငြာလေး ရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်..။

စုံတွဲလေးအဖြစ် သရုပ်ဆောင်ရိုက်ကူးထားတဲ့ သူတို့နှစ်ယောက် ကြော်ငြာဗီဒီယိုလေးကိုတော့ မနောက သူ့ရဲ့ပရိသတ်တွေကို ပြန်လည်မျှဝေထားပြီး နာရီပိုင်းအတွင်း ကြည့်ရှု့အားပေးတဲ့ ပရိသတ်တွေများပြားနေတာလည်း တွေ့ရပါတယ်..။

နာရီပိုင်းအတွင်း ပရိသတ်တွေကြား ရေပန်းစားပြီး ကြည့်ရှု့သူများပြားနေတဲ့ မနောနဲ့ သင်ဇာလေးတို့ရဲ့ ကြော်ငြာဗီဒီယိုလေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှပေးလိုက်တာမို့ အားပေးကြည့်ရှု့ပေးသွားပါဦးနော်..။

Photo - မနော

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။